မိုင်းကိုင်မြို့နယ် ကတ်ဖွီးအခြေစိုက် SSPP အဖွဲ့ဝင်များက ရပ်ကွက် ဥက္က နှင့် ပြည်သူအချို့ကို ဖြားယောင်း၍ ဖမ်းဆီးထား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်တွင်းရှိ ကတ်ဖွီးအခြေစိုက် SSPP အဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ညနေပိုင်းခန့်က မြို့အတွင်းဝင်ရောက်လာပြီး အမှတ် (၆) ရပ်ကွက် ဥက္က စိုင်းပါး အသက် (၄၈) ဝန်းကျင်ကိုလည်းကောင်း၊ စိုင်းအောင်သိန်း ဥက္ကဟောင်းကိုလည်းကောင်း၊ အမှတ် ၁ ရပ်ကွက်နေ စိုင်းကျော်နှင့် စိုင်းခေတို့ကိုလည်းကောင်း၊ အမှတ် (၄) ရပ်ကွက်နေ စိုင်းဆိုင်ဖကိုလည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြောပြချက်အရ သိရှိရပါသည်။

အမှတ် (၆) ရပ်ကွက် ဥက္က စိုင်းပါးကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရပါသည်။

၎င်းတို့ ကတ်ဖွီးမှ လာရာလမ်းတစ်လျှောက် စစ်တပ်၏ အမှတ် ၂၇၈ ခြေလျင်တပ်ရင်း (ခလရ ၂၇၈) ၊ အမှတ် ၂၇၇ ခြေလျင်တပ်ရင်း(ခလရ ၂၇၇)  နှင့် ရဲစခန်းများကို ဖြတ်ရမည် လမ်းကြောင်းဖြစ်သောကြောင့် စစ်ကောင်စီလက်အောက်ခံတပ်များနှင့် SSPP တို့ အချင်းချင်း မညှိနှိုင်းပဲ မိုင်းကိုင်မြို့ထဲသို့ ဝင်လာနိုင်မည်မဟုတ်ဟု ဒေသခံအချို့မှ ယူဆခဲ့ကြပါသည်။

SSPP အဖွဲ့ဝင်များသည် မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီး၌ လာရောက်အခြေစိုက်သည်မှာ တစ်လဝန်းကျင်ခန့်သာ ရှိသေးကြောင်း သိရှိရပါသည်။

အလားတူစွာဖြစ် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ် တတ်မောက် ကျေးရွာအုပ်စု၊ နားယောင်းရွာ၊ ပါရင်ရွာများ၌လည်း   ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ညနေပိုင်းတွင် လုံးသာမိ၊ လုံးသြ၊ စိုင်းရာစိန်၊ စိုင်းဆိုင်မိန်း၊ စိုင်းမွန်းနှင့် စိုင်းထူးတို့ (၆) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်ဟု သတင်းပေးပို့လာပါသည်။

လုံးသာမိ၊ လုံးသြ၊ စိုင်းရာစိန်နှင့် စိုင်းဆိုင်မိန်းတို့ (၄) ဦး ကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း စိုင်းမွန်းနှင့် စိုင်းထူးတို့အား ပြန်မလွှတ်ပေးသေးသဖြင့် ၎င်းတို့၏ မိဘဆွေမျိုးများ စိတ်ပူပင်လျက်ရှိကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀-၂၁-၂၂) ရက်နေ့ဝန်းကျင်ကလည်း သျှမ်းသတင်းဌာနများဖြစ်ကြသော Tai TV Online နှင့် သတင်းထောက်များကို ပုံများနှင့် ဖော်ပြ၍လည်းကောင်း၊ Hsan Loi Voice စာမျက်နှာကို လည်းကောင်း၊ ၎င်းတို့၏ ဖေ့စ်ဘုတ်အကောင့် လက်ဝေခံတပ်သား/pro ဟု ယူဆရသော Sai Han Mong အကောင့်၊ Senglengkhur အကောင့်နှင့် အချို့သျှမ်းအကောင့်များဖြင့် အမုန်းစကားဆို ဝေဖန်တိုက်ခိုက်ခဲ့သည်။

ယင်းနောက် Tai TV online သတင်းဌာနနှင့် သျှမ်းသံတော်ဆင့်တို့ပင် ယခုကဲ့သို့ ပဋိပက္ခသတင်းများပင် မတင်ရဲသလောက်ဖြစ်နေ‌ပြီး အနည်းအကျင်းမသာရှိသော သျှမ်း စာနယ်ဇင်းသမားများကို ခြိမ်းခြောက်မှုပြုလုပ်နေသည့် လုပ်ရပ်သည် စစ်တပ်၏ ဖြတ်လေးဖြတ် မဟာဗျုဟာအတိုင်း SSPP မှ အကောင်အထည်ဖော်နေပြီလားဟု မေးစရာ မေးခွန်းများဖြစ်ပေါ်စေသည်။

Sources: CJ

Taifreedom

Facebook

သတင်း