မိုင်းကိုင်မြို့နယ်တွင် တပ်မတော်မှ ဒေသခံရွာသူရွာသားများ ဝါးပင်ခုတ်ပေးရန် အဓမ္မစေခိုင်း

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွိုင်တောင်းတောင်ပေါ်တွင် စခန်းချထားသည့် တပ်မ‌တော်တပ်ဖွဲ့မှ ဟိုခဲကျေးရွာ ဒေသခံရွာသူရွာသားများအား ဝါးပင် ခုတ်ပေးရန် အဓမ္မစေခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ လွိုင်တောင်းတောင်ပေါ်တွင် စခန်းချထားသည့် တပ်မတော်တပ်ဖွဲ့သည် ဟိုခဲကျေးရွာအုပ်စု ဒေသခံရွာသူရွာသားများအား ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာတွင် လာရောက်တွေ့ဆုံကာ တပ်စခန်းတည်ဆောက်ရန်အတွက် လွိုင်တောင်းတောင်ပေါ်တွင် ဝါးပင်အပင် ၁၀၀၀  လာရောက်ပို့ဆောင်ပေးရမည်ဟု ဒေသခံပြည်သူများအား အဓမ္မစေခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ-ဒီဇင်ဘာလ တွင်းတွင်လည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် တပ်မတော် အမှတ် (၃၆၆) ခြေမြန်တပ်ရင်းမှ ဒေသခံရွာသူရွာသားများအား ၎င်းတို့၏ တပ်တွင် ဆူးခြံစည်းရိုး ၂ ထပ် ပြုလုပ်ရန် အဓမ္မစေခိုင်းခဲ့သည်။

Taifreedom

Facebook

သတင်း