မိုင်းကိုင်တွင် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွား

ယနေ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ သျှမ်းပြည်တပ်မတော်  RCSS/SSA နှင့် SSPP/SSA ပါဝင်သော မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တို့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခိုက်ကျေးရွာအုပ်စု ပျန်ဆာတောင်ကြော ပျဉ်ဝမ့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ယနေ့နံနက် ၈:၄၅ အချိန်ခန့်တွင် RCSS/SSA ထိန်းချုပ်နယ်မြေ ပျန်ဆာတောင်ကြောမြောက်ဘက်တွင် လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းကို တပ်ပေါင်းစုဘက်က အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက – တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်၊ ဒီမနက် (၈) နာရီလောက်က ခုလက်ရှိချိန်ထိ (ယနေ့နေ့လည်ပိုင်းထိ) တိုက်ပွဲဖြစ်နေတုန်း၊ မြေပြင်သတင်းအချက်အလက်ကတော့ ကျွန်တော်တို့လဲ မသိရသေးဘူး ဟု သျှမ်းသံတော်ဆင့်သတင်းကို ယခုလို ဖြေကြားထားသည်။

မိုင်းကိုင်တွင် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွား
SSPP/SSA

တိုက်ပွဲတွင်း နှစ်ဖက်တပ်များ ထိခိုက်ကျဆုံးမှု အသေးစိတ်အချက်အလက်ကို မသိရှိရသေးပေ။

ယနေ့ နေ့လည်ပိုင်းအချိန်ထိ နှစ်ဖက်တပ်များ စစ်‌‌ရေးတင်းမာလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့တွင်လည်း SSPP/SSA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တို့သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကိုင်တိုင်ကျေးရွာအုပ်စု ဟူးနန်းကျေးရွာအနီးတွင် လည်းကောင်း၊ သီပေါြမို့နယ် အုမ်မုကျေးရွာအုပ်စု မန်လွယ်ကျေးရွာဘက်တွင်လည်းကောင်း သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား အင်အားအလုံးအရင်းဖြင့် နှစ်ရက်ဆက်တိုက် ပြင်းထန်စွာထိုးစစ်ဆင်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း