ဖမ်းဆီးတရားစွဲခံရသည့် EAOs အဖွဲ့ဝင်များကို အမှုပိတ်သိမ်းပေး

ဖမ်းဆီးတရားစွဲဆို ခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ (၁၁၄) ဦးကို အမှုပိတ်သိမ်းပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်နေ့အဖြစ် စစ်ကောင်စီဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်အရ နိုင်ငံအတွင်းရှိ တရားရုံးအသီးသီးတွင် တရားစွဲဆိုခံထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးကို အမှုပိတ်သိမ်းပေးလိုက်ကြောင်း ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရခိုင့်တပ်တော် (AA) အဖွဲ့ဝင် (၆၁) ဦး၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့ဝင် (၂၃) ဦး၊ ကရင်ငြိမ်းချမ်းရးကောင်စီ (KNU/KNLA-PC) အဖွဲ့ဝင် (၁) ဦး၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (ကိုးကန့်) MNDAA အဖွဲ့ဝင် (၁) ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ဝင် (၁၂) ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/  ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ဝင် (၅) ဦး၊ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့ဝင် (၁၁) ဦး စုစုပေါင်း (၁၁၄) ဦးကို အမှုပိတ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း