ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူ ၈ ဦးထပ်မံတွေ့ရှိ

အမျိုးသားကျန်းမာရေးဓါတ်ခွဲစစ်ဆေးမှုအရ ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူ ၈ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ နမူနာဓါတ်ခွဲစစ်ဆေးမှု ၂ ကြိမ်(ပထမအသုတ်နှင့် ဒုတိယအသုတ်)ဖြင့် ဓါတ်ခွဲစစ်ဆေးရာ COVID 19 ရောဂါပိုးကူးစက်ခံရသူ ၈ ဦးထပ်မံတွေ့ရှိပြီး ၎င်းတို့မှာ ဆေးရုံအသီးသီးမှ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်(quarantine)ထားသူဖြစ်ပြီး စုစုပေါင်း ဓါတ်ခွဲအတည်ပြုလူနာ ၁၁၉ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

၎င်း ဓါတ်ခွဲအတည်ပြုလူနာ ၁၁၉ ဦးအနက် နမူနာဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးကင်းစင်သူ ၂ ဦးထပ်မံတွေ့ရှိပြီး စုစုပေါင်း ရောဂါကင်းစင်သူ ၉ ဦးရှိရာ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၇ အမှတ် ၉ ၊ အမှတ် ၂၁ နှင့် အမှတ် ၁၅ စုစုပေါင်း ၆ ဦးအား ၎င်းတို့ဆေးကုသမှုခံယူနေသည့် ဆေးရုံမှ ဆေရုံဆင်းခွင့်ရရှိပြီဖြစ်‌ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုလက်ရှိအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူဟု ဓါတ်ခွဲအတည်ပြုလူနာ ၁၁၉ ဦးရှိပြီး လူနာ ၅ ဦးသေဆုံးကာ ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးကင်းစင်သူ ၉ ဦးရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း