ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ကူးစက်ခံရသူ ၁၁ ထပ်မံတွေ့ရှိ

ပြည်ထောင်စုမြန်မာနိုင်ငံတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ်  (COVID 19) ကူးစက်ခံရသူ ၁၁ ဦးထပ်မံတွေ့ရှိပြီး  COVID 19 ရောဂါဓါတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၈၅ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဓါတ်ခွဲစစ်ဆေးမှုအရ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း(Quarantine)ပြုလုပ်ထားသည့် လူနာများမှ ဓါတ်ခွဲစစ်ဆေးမှုအရ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ ၉ ဦး၊ ချင်းပြည်နယ် တီးတိန်မြို့နယ် ပြည်သူဆေးရုံကြီးတွင် လူနာတစ်ဦး နှင့် မန္တလေးတိုင်းဒေသကြီး ကန်တော်နဒီဆေရုံကြီးတွင် လူနာတစ်ဦး စုစုပေါင်းလူနာ ၁၁ ဦးတွင် COVID 19 ရောဂါပိုးတွေ့ရှိရပြီး ၎င်းလူနားများအနက် လူနာ ၂ ဦးသာ ပြည်ပခရီးသွားရာဇဝင်ရှိပြီး လူနာ ၇ ဦးသာ COVID 19 ရောဂါဓါတ်ခွဲ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့  ၂၀၂၀ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ၌ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ယခုချိန် ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါဓါတ်ခွဲတည်ပြုလူနာ ၈၅ ဦးမှာ ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ၆၈ ဦး ၊ တိန်မြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် ၄ ဦး ၊လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်  ၁ ဦး ၊ တောင်ကြီးမြို့နယ် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး ၊ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ ကလေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး ၊ မကွေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊ မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး နှင့် မန္တလေးမြို့ ကန်တော်နဒီဆေးရုံကြီးတွင် ၁ ဦး စုစုပေါင်း ၇၉ ဦးတို့ဖြစ်ပြီး  လူနာ ၄ ဦး သေဆုံးကာ လူနာ ၂ ဦး မှာ ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးမတွေ့ရှိသဖြင့် သတ်မှတ်သည့် နေရာတွင် အသွားအလာကန့်သတ်ခြင်း ၊ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း