ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၅ ဦးထပ်မံတွေ့ရှိ

ချင်းပြည်နယ် တီးတိန်မြို့နယ်နေ လူနာနံပါတ် ၁ (Case-1)၏ မိခင်နှင့်အတူ ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၅ ဦးထပ်မံတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ ည ၈ နာရီနှင့် ဧပြီလ ၁၀ ရက်နေ့ နံနက် ၃ နာရီတွင်  ထုတ်ပြန်ကြေညာခဲ့သည်။

ဓာတ်ခွဲအတည်ပြုလူနာ နံပတ် ၂၃ (Case-23) သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးသည် လူနာနံပါတ် ၁ (Case-1)၏ မိခင်ဖြစ်ပြီး ၎င်းသားဖြစ်သူနှင့်အတူ အမေရိကန်နိုင်ငံမှ ပြည်ထောင်စုမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာ ပြီး လူနာနံပါတ် ၁ (Case-1)အား ဓါတ်ခွဲအတည်ပြုပြီးချိန်တွင် အဆိုပါအမျိုးသမီးအား သီးသန့်အိမ်တစ်လုံးတွင် သီးခြားစောင့်ကြပ်ကြည့်ရှုလျက် စောင့်ကြပ်ကြည့်ရှုမှုပြီးမြောက်ခါနီး အချိန်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကျန်မာရေးဌာန၏ ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိရပြီး ၎င်းအား တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သည့် ကုသမှုခံယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ခုနှစ် ဧပြီလ ၉ ရက်နေ့  ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ယနေ့ ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်တွင် နေထိုင်သော အသက် ၃၂ နှစ် အမျိုးသားသည် စကႅာပူနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး စကႅာပူနိုင်ငံမှပြန်လည်ရောက်ရှိလာပြီး ဧပြီလ ၁ ရက်နေ့မှစ၍ အဖျားတက်ခြင်း ၊ မောပန်းခြင်း စသည့်လက္ခဏာ ခံစားရပြီး ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ပြသကာ ထိုမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့်လူနာအဖြစ် သီးခြားထား၍ ကုသလျက်ရှီပြီး ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုး တွေ့ရှိရကြောင်း သိရှိရသည်။

၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်တွင်နေထိုင်သော အသက် ၅၅ နှစ်အရွယ်အမျိုးသား ၁ ဦးသည် ပြည်ပနိုင်ငံသို့ ခရီးသွားရာဇဝင် အရှိသော်လည်း ဧပြီလ ၂ ရက်နေ့မှစ၍ အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း စသည့်လက္ခဏာ ခံစားရပြီး ရန်ကုန်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ စောင့်ကြည်လူနာအဖြစ် သတ်မှတ်၍ သီးသန့်ထားရှိပြီး ကုသမှုခံယူစဉ် ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိရပြီး ၎င်းနည်းတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၅၆ နှစ် အရွယ် အမျိုးသမီး ၁ ဦး လည်း ပြည်ပသို့ ခရီးသွားရာဇဝင် မရှိသော်လည်း ဧပြီလ ၂ ရက်နေ့မှစ၍ အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း နှင့် လည်ကြောင်းနာခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရပြီး ရန်ကုန်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ စောင့်ကြည်လူနာအဖြစ် သတ်မှတ်၍ သီးသန့်ထားရှိပြီး ကုသမှုခံယူစဉ် ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိရကြောင်း သိရှိရသည်။

ထိုအပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသည် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်ရှာဖွေစဉ် ဗိုက်အောင့်သည့် ဝေဒနာခံစားရပြီး ထိုင်းနိုင်ငံတွင် တစ်လခန့်အကြာ ဆေးရုံတွင် ကုသမှုခံယူပြီးနောက် မတ်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နေအိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုနေရာမှ သတ်မှတ်နေရာသို့ အသွားအလာကန့်သတ်ခြင်း၊ တားခြစ်ခြင်း အဖြစ်ပြောင်းလဲဆောင်ရွက်ကာ ဗိုက်အောင့်ဝေဒနာထပ်မံခံစားရပြီး ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ နံနက် ၃ နာရီတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်  ပြည်သူ့ ဆေးရုံတွင် (၂) ဦး၊ ရန်ကုန်မြို့နယ် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၅) ဦး၊ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မြောက်ဥက္ကလာပမြို့နယ်  ပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၂) ဦးနှင့် ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံတွင် (၁) ဦး၊ စုစုပေါင်း (၂၂) ဦးတို့ ဖြစ်ပြီး သေဆုံးသူ ၃ ဦး ရှိသွားပြီဖြစ်သည်။

Taifreedom

Facebook

သတင်း