ပြင်ဦးလွင်တပ်မတော်နည်းပညာတက္ကသိုလ်နှင့် နောင်ချို-ဂုတ်တွင်းတိုးဂိတ် တိုက်ခိုက်ခံရ

ယနေ့မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် နှင့် နောင်ချို-ဂုတ်တွင်းတိုးဂိတ်မတွင် TNLA တပ်ဖွဲ့ ၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့  မနက်  ၅ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် TNLA တပ်ဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (Defence Services Technological Academy)အား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် တပ်မတော်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တွေ့ရှိရသည်။

 ထိုအပြင် နောင်ချိုမြို့နယ်အနီးရှိ မူးယစ်ဂိတ်အား လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ပြီး TNLA တပ်ဖွဲ့ နှင့် တပ်မတော် တိုက်ပွဲများဆက်လက်ဖြစ်နေကြပြီး နောင်ချို-ဂုတ်တွင်း နှင့် တိုးဂိတ်တွင်လည်း တိုက်ခိုက်ခြင်းခံခဲ့ရာ ဂုတ်တွင်းဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဒဏ်ရာရရှိပြီး နောင်ချိုဆေးရုံသို့ ပို့ဆောင်းပြီး ဆေးကုသခြင်းခံယူနေကြောင်း သိရသည်။

Taifreedom

Facebook

သတင်း