ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပ

မ်းပြည်တွင်း မြို့နယ်အသီးသီးမှ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ကြသည့်အပြင် ပဲခူးတိုင်းဒေသကြီးတွင်လည်း ပထမဆုံးအကြိမ် သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသျှမ်းနှစ်သစ်ကူးပွဲတော်အား ပဲခူးတိုင်းဒေသကြီးတွင်း မြို့နယ်အသီးသီးတွင် နေထိုင်ကြသည့် သျှမ်းတိုင်းရင်းသားများစုပေါင်းပြီး ဇီးကုန်းမြို့နယ် ဝက်ကော်သျှမ်းရွာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ (၂) ရက်တိတိ စည်ကာသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဝက်ကော်သျှမ်းရွာတွင် ပြုလုပ်ကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော်တွင် ပြည်မြို့နယ် ၊ ‌ရွှေတောင်မြို့နယ် ၊ ပေါင်းတည်မြို့နယ် ၊ ကြို့ပင်ကောက်မြို့နယ် ၊သဲကုန်းမြို့နယ် ၊ နက်တလင်းမြို့နယ် ၊ ဇီးကုန်းမြို့နယ် ၊ အုတ်ဖိုမြို့နယ် ၊ မင်းလှမြို့နယ် ၊ လက်ပံတန်းမြို့နယ် နှင့် သာယာဝတီမြို့နယ် ၁၁ မြို့နယ်တို့မှ နေထိုင်ကြသော သျှမ်းတိုင်းရင်းသားများ သွားရောက်စုပေါင်း ပါဝင်ဆင်နွဲခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နွေရာသီကျောင်းပိတ်ရက်တွင်လည်း ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ၊ မင်းလှမြို့နယ် ၊ အုတ်ဖိုမြို့နယ် ၊ ဇီးကုန်းမြို့နယ် ၊ နတ်တလင်းမြို့နယ် ၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာတွင် နွေရာသီသျှမ်းစကားပြောနှင့် သျှမ်းစာပေသင်တန်းကို အောင်မြင်ပြီးမြောက်စွားဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း