ပန်ဆိုင်းမြို့နှင့် နမ့်ခမ်းမြို့နယ်တွင်းရှိကျေးရွာများအား COVID-19 စစ်ဆေးပေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့ သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နှင့် နမ့်ခမ်းမြို့နယ်တွင်းရှိကျေးရွာများတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ ၊ ရပ်ရွာလူငယ်အဖွဲ့အစည်း နှင့် ကျေးရွာဥက္ကဋ္ဌ များတို့ပူးပေါင်းပြီး ကျန်းမာရေးဝန်ထမ်းများအဖွဲ့ ၄ ဖွဲံဖြင့် ပန်ဆိုင်းမြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်းစုစုပေါင်း ကျေးရွာ ၂၅ ကျေးရွာတွင် နေထိုင်ကြသော ဒေသခံ ပြည်သူလူထုစုစုပေါင်း ၂၁၂ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာ ရှိမရှိ စစ်ဆေးပေးခြင်း ၊ အသိပညာပေးစာစောင့် ဖြန့်ဝေခြင်း ၊ နှာခေါင်းစည်း (MASK) ဖြန့်ဝေခြင်းများပြုလုပ်သည့်အပြင် COVID-19 ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း