ပန်ခါးကျေးရွာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်ဝင်ခုတ်မှုမှာ RCSS/SSA လက်ချက်မဟုတ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် ပန်ခါးကျေးရွာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အား ကိုရင်တစ်ပါးမှ ဓါးဖြင့်ဝင်ခုတ်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ တချို့ Social media လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ၏ လက်ချက်ဖြစ်ကြောင်း ရေးသားဖေါ်ပြသည့်သတင်းမှာ မဟုတ်မမှန်လုပ်ကြံသတင်းသာဖြစ်သည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်၌ သီပေါမြို့နယ် အုံမုကျေးရွာအုပ်စု ပန်ခါးကျေးရွာရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ဖြစ်သည့် အရှင်ဉာဏ်သောဘာသ သည် ဘုရားဆွမ်းတော်ကပ်ပြီး ဝတ်ပြုနေစဥ် ကိုရင် ၅ ပါးသည် တံမြက်စည်းလှဲအော်ဟစ်ဆူညံနေသဖြင့် မဆော့မဆူညံကြရန် သြဝါဒ ဆိုဆုံးမပြီးနောက် ကိုရင် ၅ ပါးအနက် ကိုရင်တစ်ပါးသည် မကျေနပ်သဖြင့် ဘုရားဝတ်ပြုနေသည့် ဆရာတော်အား နောက်မှ ဓါးဖြင့်ခုတ်ခဲ့သောကြောင့် လည်းပင်းပြတ်ရှဒဏ်ရာရရှိပြီး သီပေါမြို့ ပြည်သူဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်းခဲ့ရကြောင်း သိရှိရပါသည်။

ဤသတင်းအား Taifreedom သတင်းဌာနမှ Facebook Page တွင်လည်းကောင်း ၊ Webside တွင်လည်းကောင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရေးသားဖော်ပြထားသော်လည်း တချို့ Social media လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပန်ခါးကျေးရွာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်ဝင်ခုတ်မှုမှာ RCSS/SSA လက်ချက်ဖြစ်ကြောင်း စွပ်စွဲရေးသားဖော်ပြထားပါသဖြင့် အဆိုပါရေးသားဖော်ပြခဲ့သည်မှာ သျှမ်းတိုင်းရင်းသားများနှင့် ပလောင်(တအောင်း)တိုင်းရင်းသားများအကြား အထင်မှားအမြင်မှားဖြစ်ပွားစေရန် တမင်တကာရေးသားဖော်ပြထားခြင်းဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ပန်ခါးကျေးရွာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်အား ဓါးဖြင့်ဝင်ခုတ်မှုမှာ RCSS/SSA လက်ချက်ဖြစ်ကြောင်းရေးသားဖော်ပြသည့်သတင်းမှာ မဟုတ်မမှန်သည့်သတင်းဖြစ်ကြောင်း ၊ RCSS/SSA လက်ချက်ဟု ပြောဆိုရလောက်အောင် သက်သေအထောက်အထားများမရှိကြောင်း ၊ RCSS/SSA တပ်ဖွဲ့အပေါ် တမင်စွပ်စွဲခြင်းဖြစ်ကြောင်း ၊ သျှမ်းတိုင်းရင်းသားများနှင့် ပလောင်(တအောင်း)တိုင်းရင်းသားများအကြား အမြင်မှားစေရန် လုပ်ကြံခြင်းဖြစ်ကြောင်း ဤအကြောင်းအရင်းများနှင့် ပတ်သက်၍ ရှေ့ရေးအတွက် စိုးရိမ်ပူပန်စရာဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးမှ ပြောကြားခဲ့ပါသည်။

အဆိုပါ သီပေါမြို့နယ် အုံမုကျေးရွာအုပ်စု ပန်ခါးကျေးရွာသည် RCSS/SSA ထိန်းချုပ်ရာနယ်မြေထဲတွင် ပါဝင်သော်လည်း ဒေသခံပြည်သူများနှင့် RCSS/SSA တပ်သားများသည် အေးအေးချမ်းချမ်းအတူတကွ နေထိုင်လာခဲ့ကြပါပြီး ဤ ကျောင်းထိုင်ဆရာတော်အား ကိုရင်တစ်ပါးမှ ဓါးဖြင့်ဝင်ခုတ်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ သာသနာဘောင်တွင်း ဖြစ်ပွားသည့် ပြဿနာဖြစ်သောကြောင့် RCSS/SSAတပ်ဖွဲ့မှ ပါဝင်ဖြေရှင်းမှုမရှိပါ သံဃာတော် အကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သာ ဆွေးနွေးပြီ ထိုက်တန်သည့် ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရပါသည်။

Taifreedom

Facebook

သတင်း