ပင်လုံမြို့နယ် ၊ လဲချားမြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့တွင် COVID-19 စစ်ဆေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ RCSS၏ကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်တွင်း ဆနင်း‌ကျေးရွာအုပ်စု ၊ ပင်ဟူကျေးရွာအုပ်စု ၊ ဖောင်ဆိုင်ကျေးရွာအုပ်စု နှင့် တန့်အယ်ကျေးရွာအုပ်စု ၊ လဲချားမြို့နယ် ဝမ်ဖိုင်ကျေးရွာအုပ်စု နှင့် မိုင်းကိုင်မြို့နယ် လုတ်တောင်းကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စုတွင်း သံဃာတော်များနှင့် ဒေသခံပြည်သူလူထုများ ၁၇၀ ဦးအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း ၊ ကြိုတင်ကာကွယ်နည်းအသိပညာ ဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း