ပင်လုံမြို့နယ်တွင် SSPP တပ်ဖွဲ့တို့မှ အပစ်မဲ့ပြည်သူ ၃၀ ကျော် ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဦးဆောင်သည့် တပ်ပေါင်းစုတို့သည် အပြစ်မဲ့ ပြည်သူ ၃၀ကျော် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် SSPPဦးဆောင်သည့် တပ်ပေါင်းစုတို့ အင်းအား ၁၀၀ ခန့်မှ ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ဝမ်ကုန်းကျေးရွာသို့ ဝိုင်း၍ အပြစ်မဲ့ပြည်သူ ၃၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံရသည် ဝမ်ကုန်းရွာသားများမှာ ၁. လုံးနာလိန် အသက် ၆၀ နှစ်၊ ၂. လုံးဝိ အသက် ၅၅ နှစ်၊ ၃. လုံးတိယ အသက် ၅၀ နှစ်၊ ၄. လုံးအိန္ဒာ အသက် ၄၅ နှစ်၊ ၅. လုံးနန္ဒာ အသက် ၅၁ နှစ်၊ ၆. စိုင်းကောဝိ အသက် ၃၀ နှစ်၊ ၇. စိုင်းလိုဝ်း အသက် ၃၀ နှစ်၊ ၈. စိုင်းကုသလ အသက် ၃၀ နှစ်၊ ၉. စိုင်းဝိကူးလ အသက် ၃၀ နှစ်၊ ၁၀. စိုင်းကွမ် အသက် ၂၀ နှစ်၊ ၁၁. စိုင်းနော် အသက် ၁၈ နှစ်၊ ၁၂. စိုင်းဆုယ အသက် ၃၀ နှစ်၊ ၁၃. စိုင်းနန္ဒာ အသက် ၂၀ နှစ်၊ ၁၄. စိုင်းမော အသက် ၃၀ နှစ်၊ ၁၅. စိုင်းသြတ အသက် ၃၀ နှစ်၊ ၁၆. စိုင်းမိန်း အသက် ၂၀ နှစ်၊ ၁၇. စိုင်းဆန်းကန်း အသက် ၃၀ နှစ် (တရုတ်အနွယ်ဝင်)၊ ၁၈. စိုင်းအိန်သော အသက် ၃၀ နှစ်၊ ၁၉. စိုင်းနန္ဒာ အသက် ၃၀ နှစ်၊ ၂၀. စိုင်းလှထွန်း အသက် ၂၀ နှစ်၊ ၂၁. စိုင်းဝိန်င် အသက် ၂၀ နှစ်၊ ၂၂. စိုင်းဆေ့ဝ် အသက် ၃၀ နှစ်၊ ၂၃. စိုင်းမူးနိ အသက် ၂၀ နှစ်၊ ၂၄. စိုင်းပန်တာ အသက် ၂၀ နှစ်၊ ၂၅. စိုင်းအိန္ဒာကူး အသက် ၄၀ နှစ်၊ ၂၆. လုံးကူးန အသက် ၅၀ နှစ်၊ ၂၇. စိုင်းပန် အသက် ၂၈ နှစ်၊ ၂၈. စိုင်းယာမ ၂၅ နှစ် ၊ ၂၉. စိုင်းညွန့် အသက် ၂၀ နှစ်၊ ၃၀. စိုင်းတိ အသက် ၂၀ နှစ်၊ ၃၁. စိုင်းထွန်းအောင် အသက် ၃၀ နှစ် တို့ဖြစ်ပါသည်။

ဖမ်းဆီးခံရသည့်ပြည်သူများအား တပ်ပေါင်းစုတို့မှ ကားဖြစ် ကုန်းကျောင်းကျေးရွာဘက်သို့ ထွက်ခွာသွားခြင်း ဖြစ်ပြီး တန့်အယ်ကျေးရွာအုပ်စု တာခါကျေးရွာတွင် တည်ရှိသည့် ၎င်းတို့၏ တပ်စခန်းထံသို့ ဦးတည်သွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှလည်း အကြောင်းအရင်းမရှိပဲ အပြစ်မဲပြည်သူများအား မကြာခဏ လိုက်လှံဖမ်းဆီးနေသော SSPP ဦးဆောင်သည့် တပ်ပေါင်းစုတို့၏ လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတို့၏ လုံခြုံမှုအတွင် အလွန်စိုးရိမ်နေရသည်ဟု ပြောပြခဲ့ပါသည်။

Taifreedom

Facebook

သတင်း