ပင်လုံမြိုန့ယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးအား သက်သေခံမူးယစ်ဆေးဝါးများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဒေသခံပြည်သူလူထုများ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများမှ ပင်လုံမြိုန့ယ် တန့်အယ်ကျေးရွာအုပ်စု နမ့်ခုတ်ကျေးရွာသို့ သွားရောက်စစ်ဆေးရာ စိုင်းပန် အသက် ၄၀ နှစ်အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၉၄၀၀ ပြား ၊ ဘိန်းစိမ်း ၁ ပိဿာနှင့်အတူ ဖမ်းဆီးရမိသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများပါ သိမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင်လည်း ဒေသခံ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ပူးပေါင်းပြီး လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုတွင် တောင်ဟိုင်း(နောင်ဟင့်)ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၅ ဦးအား WYအမှတ်တံဆိပ် စိတ်ကြွဆေးပြား ၄၂၀ ပြား ၊ ဘိန်းစိမ်း ၅ ကျပ်သားတို့နှစ်အတူ ဖမ်းဆီးရမိခဲ့သည်။

Taifreedom

Facebook

သတင်း