နောင်ချိုမြို့နယ်တွင် ဒေသခံပြည်သူတစ်ဦးအား SSPP/SSA အရာရှိများနှင့်တွေ့ဆုံဖို့ရန် ခေါ်ဆောင်သွားပြီး လမ်းခုလပ်တွင် သတ်ဖြတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်လေ့ရှိသည့် ဒေသခံပြည်သူတစ်ဦးအား SSPP/SSA အရာရှိများနှင့်တွေ့ဆုံဖို့ရန် ဆိုသည့်အကြောင်းပြချက်များဖြင့် ခေါ်ဆောင်သွားပြီး လမ်းခုလပ်တွင် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA အင်အား ၅၀ ဦးခန့်မှ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာအုပ်စု နောင်လုံကျေးရွာတွင် နေထိုင်သော ဒေသခံဖြစ်သည့် လုံးပစိန် အသက် ၅၀ ကျော်အား SSPP/SSA လူကြီးများနှင့် တွေ့ဆုံဖို့ရန်လာရောက်ခေါ်ဆောင်သွားခဲ့ပြီး မထင်မှတ်ပဲ လက်ခုလပ်တွင် ပစ်သတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ SSPP/SSA တပ်ဖွဲ့ဝင်များသည် လုံးပစိန်သည် RCSS/SSA နှင့် ပူးပေါင်းပြီး SSPP/SSA အား လာရောက်တိုက်ခိုက်ခဲ့သည်ဆိုတာ မှန်ကန်မှုရှိမရှိ သိရှိနိုင်ရန် SSPP/SSA လူကြီးပိုင်းများနှင့် သွားရောက်တွေ့ဆုံရှင်းလင်းပေးရမည်ဟု အကြောင်းပြပြောဆိုခဲ့သဖြင့် ဒေသတွင်းတွင် သျှမ်းပြည်တပ်မတော်ဖြစ်သည့် RCSS/SSA နှင့်  SSPP/SSAတို့ ပစ်ခတ်တိုက်ခိုမှုမရှိသည့်အပြင် စစ်ရေးတင်းမှာမှုလည်းမရှိသည့်အတွက်ကြောင့် လုံးပစိန်သည် SSPP/SSAက ၎င်းအပေါ် အမြင်မမှားစေရန်အတွက် SSPP/SSA အရာရှိနှင့်တွေ့ဆုံဖို့ရန် SSPP/SSA တပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါသွားခဲ့ပြီး SSPP/SSA အရာရှိများနှင့် တွေ့ဆုံမှုရှိမရှိဆိုတာကို မသိရှိရကြောင်း နှင့် ဒေသခံပြည်သူတစ်ဦးမှ လမ်းဘေးတွင် လမ်းဘေးတွင်ပြန်လည်တွေ့ရှိရပြီး အနီးကပ်သွားကြည့်ရာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြစ် သေဆုံးနေသည့် လုံးပစိန်ကို တွေ့ရှိရခြင်းဖြစ်သည်။

၎င်းမှဆက်လက်၍ လုံးပစိန်သည် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာအုပ်စု နောင်လုံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းသည် ရွာသားတာဝန်ကျေပွန်းသူတစ်ဦးဖြစ်သည့်အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သူတစ်ဦးဖြစ်ပြီး လုံးပစိန်အလောင်းအား မိသားစုဝင်များမှ ထုံးတမ်းအစဥ်အလာအရ မီးသင်းသဂြိုလ်ပေးရန် ဆောင်ရွက်နေလျက်ရှိကြောင်း ပြောပြခဲ့ပါသည်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာအုပ်စု ကုန်းသာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သည် လုံးရှဲန်ဟန်အား SSPP/SSA တပ်ဖွဲ့မှ ခေါ်ဆောင်သွားပြီး ဖာခေးကျေးရွာအနီးရှိ တောတွင်းတစ်နေရာတွင် ပစ်သတ်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း