နိုင်ငံရေးမတည်ငြိမ်မှု အကြပ်အတည်းသည် တိုင်းပြည်ကျဆုံးရေးလမ်းပေါ်သို့ ‌ရောက်ရှိနေကြောင်း PPST ထုတ်ပြန်

နိုင်ငံရေးမတည်ငြိမ်မှု အကြပ်အတည်းသည် တိုင်းပြည်ကျဆုံးရေးလမ်းပေါ်သို့ ‌ရောက်ရှိနေကြောင်း NCA လက်မှတ်ထိုးအဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ထုတ်ပြန်ကြေညာလိုက်သည်။

နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ နှစ်ရက်တာကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ PPST အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် ယနေ့လူထုရင်ဆိုင်နေရသော အထွေထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်း ပေါ်သို့ ရောက်ရှိနေပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေသည်။

နိုင်ငံရေးမတည်ငြိမ်မှု အကြပ်အတည်းသည် တိုင်းပြည်ကျဆုံးရေးလမ်းပေါ်သို့ ‌ရောက်ရှိနေကြောင်း PPST ထုတ်ပြန်

ထို့ပြင် အစည်းအဝေး၌ ဆွေးနွေးခဲ့သည့် ပြည်တွင်းပြည်ပ Stakeholders များနှင့်တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ သဘောထားများ စုစည်းနိုင်ရန် PPST ဆွေးနွေးညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းနိုင်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခြင်း နှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် PPST အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂမှ အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ အား ကြိုဆိုပြီး တိုင်းပြည်တွင်း ကြုံတွေ့နေရသော အကျပ်အတည်းများဖြေရှင်းနိုင်ရေးအတွက် PPST မှ လက်တွဲလုပ်ဆောင်သွားမည် ဟု ဆိုသည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထုအိုးအိမ်များ နှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့်အပေါ် PPST အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ပါရှိသည်။

နိုင်ငံရေးမတည်ငြိမ်မှု အကြပ်အတည်းသည် တိုင်းပြည်ကျဆုံးရေးလမ်းပေါ်သို့ ‌ရောက်ရှိနေကြောင်း PPST ထုတ်ပြန်

PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ အပိတ်မိန့်ခွန်း တွင်လည်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် နေကြသော ပြည်သူလူထုတို့နှင့် တစ်သားတည်းရပ်တည်ကြောင်း နှင့် ထိုအတွက် အဖက်ဖက်နှင့် လက်တွဲပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိတွင် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ရှိသည်။

Taifreedom

Facebook

သတင်း