နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်များ နှင့် တိုင်ရင်သားလက်နက်ကိုင်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ရန်ကုန်မြို့တွင်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးကော်မရှင်ဗဟိုရုံးတွင် နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်များ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သဘောတူစာချုပ်(NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST) ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲ‌ရေးသဘောတူစာချုပ် အကောင်အထည်ဖော်‌မှုဆိုင်ရာမူဘောင် ညှိုနှိုင်းရေးအဖွဲ့၊အပစ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိုနိုင်းရေးအဖွဲ့ဆိုသည့် အလုပ်အဖွဲ့ ၂ ဖွဲ့မှ ကိုယ်စားလှယ် ၁၅ ဦးနှင့် ‌ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် အစိုးရကိုယ်စားလှယ် ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်၁၀ နာရီခန့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ‌ရွှေလီလမ်းရှိ အမျိုးသားသင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုကော်မရှင် NRPC ရုံးတွင် ပြုလုပ်ခဲ့ကြပြီး အစိုးရ အတည်ပြုထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့တိုး‌ရေး နည်းလမ်း ၄ ရပ်နှင့် NCA-S EAO မှအချိန်ယူပြင်ဆင်ထားသည့် သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်‌ရေး မူဘောင်အချက်များအား အဓိကထား၍ ဆွေးနွေးခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး ၊ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်နိုင်ရေး ၊ ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး စသည့်အချက်များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း