နမ္မတူမြို့နယ်တွင် TNLA တပ်ဖွဲ့မှ အတင်းအကြပ် လူသစ်စုစောင်းနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများတွင် TNLA တပ်ဖွဲ့များမှ လူသစ်စုဆောင်းမှုအတွက် ဒေသခံပြည်သူများအား နေအိမ်အထိ အတင်းအဓမ္မ လိုက်လှံဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ ည ၇:၃၀ နာရီမှ ည ၈:၀၀ နာရီထိ နမ္မတူမြို့နယ် မန်စံမိုင်းမု ကျေးရွာအုပ်စုတွင်းရှိ အမှတ် ၁ ၊ အမှတ် ၆ ၊ အမှတ် ၉ နှင့် အမှတ် ၁၀ ရပ်ကွက်များတွင် TNLA တပ်ဖွဲ့ထံ စစ်မှုထမ်းဆောင်ရန်အတွက် ဒေသခံပြည်သူများအား နေအိမ်အထိ လိုက်လှံဖမ်းဆီးနေကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် မန်စံမိုင်းမု ကျေးရွာအုပ်စုတွင် TNLA တပ်ဖွဲ့ထံ အိမ်ထောင်စု စာရင်းများအား လာရောက်ကောက်ခံစစ်ဆေးကြောင်း ၊၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ညပိုင်းတွင် သားသမီး ၂ ဦးရှိသော အိမ်ထောင်တွေကို သားဖြစ်သူအား TNLA တပ်ဖွဲ့ထံ စစ်မှုထမ်းဆောင်ရန်အတွက် အိမ်ပေါ်ထိ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း နှင့် နားဆိုင်းကျေးရွာအုပ်စု၊ ပန်ခန်ကျေးရွာအုပ်စုတွေမှာလည်း TNLA တပ်ဖွဲ့မှ လူသစ်စုစောင်းမှု ပြုလုပ်နေလျက်ရှိကြောင်း ဒေသခံပြည်သူတစ်ဦးမှ Taifreedom သတင်းဌာနသို့ ပြောပြခဲ့ပါသည်။

အလားတူစွာ သျှမ်းပြည်မြောက်ပိုင်း လာရှိူးမြို့နယ် ဆိုင်ခိုင်ကျေးရွာအုပ်စုတွေမှာလည်း TNLA တပ်ဖွဲ့မှ လူသစ်စုစောင်းနေကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ်တွင်းရှိ ပန်ကွန်ကျေးရွာဘက်သို့ လက်ဖက်ခြောက် တင်ဆောင်ရန်အတွက် မိုင်းတင်းကျေးရွာအုပ်စု ဒေသခံပြည်သူများသည် ကားဖြင့် လွယ်ကုန်ကျေးရွာအုပ်စုရှိ TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် ဖြတ်သန်းရာတွင် TNLA တပ်ဖွဲ့မှ ဒေသခံများထံ တစ်နှစ်သာအတွက် ကားတစ်စီးလျှင် ကျပ် ၁ သိန်း အဓမ္မဆက်ကြေးကောက်ခံသည့်အပြင် မိုင်းတင်းကျေးရွာအုပ်စု ဒေသခံပြည်သူများထံမှ ဆက်ကြေးခွန် ငွေကျပ်သိန်း ၂၀ ထိကောက်ခံခဲ့ပါသည်။

Taifreedom

Facebook

သတင်း