နမ္မတူမြို့နယ်တွင် RCSS အား TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် တစ်ဖက်သက် အပစ်ရပ်ကြေညာထားသည့် TNLA တပ်ဖွဲ့မှ နယ်မြေတွင်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သတင်းရသည်။

ဖြစ်စဥ်မှာ ယနေ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ရ နာရီ ၅၅ မိနစ်ခန့်တွင် TNLA တပ်ဖွဲ့ တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများမှ နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု ပန်ကွတ်ကျေးရွာအနီးရှိ RCSS/SSA တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ ခန့်အထိ နှစ်ဖက်စစ်တပ်များမှ စစ်အားတင်းမာမှုဆက်လျက်ရှိနေပြီး တစ်ခါတစ်ရံ လက်နက်ကြီးငယ်ပေါက်ကွဲသံများ ကြားနေရကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း TNLA တပ်ဖွဲ့ တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းမှ လူအင်အား ၅၀ ဦးခန့်ဖြင့် နယ်မြေတွင်း စစ်ဆေးရေးပြုလုပ်နေသည့် RCSS/SSA နယ်မြေခံတပ်ရင်းအား တိုက်ခိုက်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရသော်လည်း TNLA တပ်ဖွဲ့၏ Website ပေါ်တွင် RCSS/SSA တပ်ဖွဲ့မှ TNLA တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲရေးသားဖေါ်ပြထားပါသည်။

TNLA တပ်ဖွဲ့သည် MNDAA နှင့် AA တပ်ဖွဲ့တို့နှင့်အတူ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ မှစ၍ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ( ၂၀၂၀ နှစ်ကုန် ) အထိ တစ်ဖက်သက်အပစ်ခတ်ရပ်စဲရေး ထုန်ပြန်ကြေညာထားသော်လည်း TNLA တပ်ဖွဲ့မှ RCSS/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်မှာ ၂ ကြိမ်တိတိ ရှိပြီဖြစ်သည်။

Taifreedom

Facebook

သတင်း