နမ္မတူမြို့နယ်တွင် ဒေသခံပြည်သူများမိုင်းနင်မိ၍ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် ဒေသခံဇနီးမောင်နှံ ၂ ဦး အိမ်မွေးတိရိစ္ဆာန်လိုက်ရှာရာတွင် မိုင်းနင်းမိ၍ တစ်ဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် မေလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာနေ စိုင်းဆန်းနှင့် နန်းအေးနန်းတို့ ဇနှီးမောင်နှံ ၂ ဦးသည် နမ့်မောဝ်ကျေးရွာအနီး နမ့်မောဝ်ကျေးရွာတောင်ဖက်သို့ ၎င်းတို့၏ နွားအား လိုက်ရှာနေစဥ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းအားနင်းမိ၍ စိုင်းဆန်းမှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး နန်းအေးနန်းမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ နမ္မတူမြို့နယ် စသည့်မြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သည့် TNLA တပ်ဖွဲ့သည် ကျေးရွာအနီးတစ်ဝှိက်တွင်လည်းကောင်း ၊ ခြံအနီးတစ်ဝှိက်တွင်လည်းကောင်း ၊ အများပြည်သူသုံးရာ လမ်းမတစ်လျှောက်တွင်လည်းကောင်း မိုင်းများထောင်ထားပြီး ဒေသခံပြည်သူများ နှင့် မွေးမြူရေးတိရိစ္ဆာန်များ နင်းမိ၍ သေဆုံးခဲ့ရသည့်အပြင် ပေါက်ကွဲသွားသည့် မိုင်းများ၏တန်ဖိုးအား ဒေသခံပြည်သူများမှ ပြန်လည်လျှော်ပေးရခြင်း စသည့်လူ့အခွင့်အရေးကျူးလွန်မှုများ နေ့စဥ်ကျူးလွန်လျှက်ရှိကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း