နမ္မတူမြို့နယ်တွင် တပ်မတော်မှတပ်ဆင်ထားသည့် မြေမြုပ်မိုင်းအား RCSS/SSA မှ သိမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ဒေသခံပြည်သူများ မကြာခဏ ဆိုသလို ဒေသခံပြည်သူများ မြေမြုပ်မိုင်း နှင့် တိုက်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်လျှက်ရှိပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် RCSS/SSA တပ်ဖွဲ့မှ တပ်မတော်တပ်ဆင်ထားသည့် မြေမြုပ်မိုင်းများ သိမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စု မန်ဝါကျေးရွာအနီးတွင် တပ်မတော် တပ်မ – ၉၉ မှ ထောင်ထားသည့် MM-2 အမျိုးအစား မြေမြုပ်မိုင်းစုစုပေါင်း ၇ လုံးအား RCSS/SSA နယ်မြေခံတပ်ရင်းမှ ဖြုတ်သိမ်း သိမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ထုတ်ပြန်သည့် မြေမြုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာထဲတွင် ကမ္ဘာနိုင်ငံများ အစိုးရစစ်တပ်ထဲတွင် မြန်မာ့တပ်မတော်သည် မြေမြုပ်မိုင်းအသုံးပြုသည့် တစ်ခုတည်သော စစ်တပ်ဖြစ်ပြီး MM-2 အမျိုးအစားမြေမြုပ်မိုင်းသည် မြန်မာ့တပ်မ‌တော်မှ ထုတ်လုပ်သည့် မြေမြုပ်မိုင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း