နမ့်လန်မြို့နယ်တွင် RCSS/SSA မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦး ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်လန်မြို့နယ်တွင် သျှမ်းပြည်ပြန်လည်RCSS/SSA နှင့် ဒေသခံပြည်သူများတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူ ၃ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၆:၀၀ ခန့်တွင် ဒေသခံပြည်သူများ၏ သတင်း‌ပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်းရင်းနှင့် ရပ်ကွက်တာဝန်ရှိသူများတို့ ပူးပေါင်းပြီး နမ့်လန်မြို့ စိန်ပန်းရပ်ကွက်တွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုံးထွန်းလ အသက် ၅၈ နှစ်အား သက်သေခံ ပစ္စည်းဖြစ်သည့် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၄၀ ပြား ၊ ဘိန်းစိမ်း ၆ ကျပ်သား နှင့် အတူ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုံးထွန်းလ သည်လွန်ခဲ့သော ၄ နှစ်ကလည်း မူးယစ်ဆေးဝါးပတ်သက်သူအဖြစ် ဖမ်းဆီးခံရပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့် အညီ အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းစဥ်များ ဆောင်ရွက်ပေးခဲ့ပြီး နေရပ်သို့ ပြန်လွတ်ပေးခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း နေ့လည် ၁:၀၀ နာရီခန့်တွင် ဒေသခံပြည်သူများ၏ သတင်း‌ပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်းရင်းနှင့် ရပ်ကွက်တာဝန်ရှိသူများတို့ ပူးပေါင်းပြီး နမ့်လန်မြို့ စက်ရုံရပ်ကွက်တွင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် နန်းပိုင်း အသက် ၄၁ နှစ်အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၁၅၀၀ ပြား နှင့်အတူ ဖမ်းဆီးရမိပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း RCSS/SSA နယ်မြေခံတပ်ရင်းမှ နမ့်လန်မြို့ ကောင်းလန်းရပ်ကွက် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် နန်းထွေး အသက် ၄၇ နှစ်အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) ၂၀၀ ပြား နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါမူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၃ ဦးအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း