နမ့်စန်မြို့ အမျိုးသမီးသေဆုံးမှု RCSS အဖွဲ့၏ လက်ချက်မဟုတ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးမှုတွင် “ကမ္ဘောဇ Kan Baw Za ဖေ့ခ်ဘုတ်ပေ့ချ်” စာမျက်နှာက သက်သေ ခိုင်လုံမှုမရှိဘဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး နမ့်စန်မြို့အနီး အမည်မသိအမျိုးသမီးသေဆုံးမှုတွင် RCSS/SSA အဖွဲ့၏ လက်ချက်ဖြစ်သည်ဟူသည့်သတင်းကို ရေးတင်ပြီး မကြာမီ နာရီပိုင်းအချိန်တွင်ပင် အဆိုပါ “ကမ္ဘောဇ Kan Baw Za” ကပင် လူမှုကွန်ယက်စာမျက်နှာမှပြန်လည်ဖျက်ပစ်ခဲ့သည်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းအချိန်တွင် နမ့်စန်မြို့နယ် ကုန်းဘုတ်ကျေးရွာအနီး ပြည်ထောင်စုကားလမ်းတွင် အိမ်စီးကားပေါ်၌ အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မြို့နယ်ရဲစခန်းက အတည်ပြု ပြောဆိုခဲ့သော်လည်း ဖြစ်စဉ််နှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်သည့်အတွက် တရားခံမှာ မည်သူမည်ဝါ ဖြစ်သည်ကို ယခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။

အမျိုးသမီးသေဆုံးသည့်နေရာမှာ ကုန်းဘုတ်ကျေးရွာအနီး နမ့်စန်မြို့အထွက် ခိုလမ်ဘက်သို့သွားသည့် ပြည်ထောင်စုလမ်းမ (၆) မိုင်အကွာတွင် တည်ရှိကြောင်း သိရသည်။

နမ့်စန်မြို့ အမျိုးသမီးသေဆုံးမှု RCSS အဖွဲ့၏ လက်ချက်မဟုတ်

အမည်မဖော်လိုသူ နမ့်စန်ဒေသခံတစ်ဦးကလည်း အခင်းဖြစ်ပွားချိန်တုန်းက ညပိုင်းအချိန်ဖြစ်လို့ အချိန်တိတိကျကျ မသိရသလို ပစ်ခတ်သည့်သူကိုလည်း ဘယ်သူမှ မျက်ဝါးထင်ထင် မမြင် လိုက်ရကြောင်း၊ ပစ်ခတ်ခံရသည့် အကြောင်းရင်းနှင့်ပတ်သက်၍လည်း ထိုအမျိုးသမီးမှာ အခြားနယ်ကနေ လာရောက်လည်ပတ်သောကြောင့် မသိရှိကြောင်း၊ နမ့်စန်မြို့နယ်တွင် မူးယစ်ဆေးလောပန်းများ ပေါများသည့်အတွက် ထိုမူးယစ်ဆေးလောပန်းများနှင့် ပတ်သက်မှုရှိနိုင်ပြီး ၎င်းတို့အချင်းချင်း သစ္စာဖောက်၍ အသတ်ခံရတာလည်းဖြစ်နိုင်တယ်ဟု ဆိုသည်။

ဒေသခံအချို့ကလည်း ထိုအမျိုးသမီးသေဆုံးမှုမှာ ငွေရေးကြေးရေးပြဿနာကြောင့်ဖြစ်နိုင်တယ်ဟု ဆိုသူကဆို အချို့ကလည်း ထိုအမျိုးသမီး၏ ရွှေငွေတန်ဖိုးရှိပစ္စည်းများ ပျောက်ဆုံးခြင်း မရှိသည့်အတွက် အိမ်တွင်းရေးပြဿနာကြောင့်ဖြစ်နိုင်သည်ဟု ဆိုသူကဆို ထင်မြင်ချက်အမျိုးမျိုး ပေးနေကြသည်၊ ထို့ကြောင့် RCSS/SSA အဖွဲ့အား ပစ်မှတ်ထား ရှုတ်ချလိုသည့် လူတစ်စုက သတင်းအမှား သက်သေတစ်စုံတစ်ရာမရှိဘဲ ယခုလို အခွင့်ကောင်းယူကာ သတင်းမှား သတင်းတု ထုတ်လွှင့်ကာ RCSS/SSA အဖွဲ့၏ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။

လူမှုကွန်ယက်စာမျက်နှာ “ကမ္ဘောဇ Kan Baw Za” တွင် ရေးသားထားသည်မှာ – “ကုန်းဘုတ်ကျေးရွာ လမ်းခွဲအနီးဝန်းကျင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂ ရက်နေ့ မိုးချုပ်ပိုင်းအချိန်တွင် အမျိုးသမီးတစ်ဦး ကားပေါ်တွင် RCSS/SSA အဖွဲ့၏ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း” ဟုပါရှိသည်။

နမ့်စန်မြို့ အမျိုးသမီးသေဆုံးမှု RCSS အဖွဲ့၏ လက်ချက်မဟုတ်

ထိုရေးသားချက်မှာ ရက်စွဲမှားယွင်းနေပြီး၊ RCSS/SSA ၏ လက်ချက်ဟုဆိုရာတွင်လည်း ခိုင်လုံသည့် သက်သေတစ်စုံတစ်ရာ မရှိပေ။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် ပြည်သူလူထုဘက်မှ မားမားမတ်မတ်ရပ်တည်သွားမည်ဖြစ်ပြီး အကယ်၍ RCSS/SSA တပ်သားများ ပြစ်မှုကျူးလွန်သည်ဟု မှန်ကန်ပါက အဖွဲ့အစည်း၏ ပေါ်လစီစည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်။

နမ့်စန်မြို့နယ်တွင် အစိုးရတပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)  စသည့် လက်နက်ကိုင်အဖွဲ့အစည်းများသာမက လက်နက်ကိုင်ဆောင်သည့် မူးယစ်ဆေးဂိုဏ်းများလည်း လှုပ်ရှားလျှက် ရှိသည်။

Taifreedom

Facebook

သတင်း