နမ့်စန်မြို့နယ်တွင် ဒုတိယအကြိမ်လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံနေအိမ် ၁၀၀ ကျော်ပျက်စီး

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းများ ၊ ခရိယာန်ကျောင်းများ ၊ ကျေးရွာဘုန်းကြီးကျောင်း နှင့် ဒေသခံပြည်သူ့နေအိမ်စုစုပေါင်း ၁၄၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဟိုနောင်ကျေးရွာအုပ်စု ကုန်းကတ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူ့နေအိမ် စုစုပေါင်း 85 အိမ် ပျက်စီးသည့်အပြင် ကျေးရွာဘုန်းကြီးကျောင်းနှင့် ခရိယာန်ကျောင်း၏ အမိုးများ ပျက်စီးပြီး တချို့အိမ်တွင်မှာ တစ်အိမ်လုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သတင်းရရှိသည်။

အလားတူစွာ နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်ဝိုးကျေးရွာတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူနေအိမ် စုစုပေါင်း 50 အိမ်နှင့် အစိုးရစာသင်ကျောင်း၏ အမိုးများ နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးသည့်အပြင် ပိန်းဆယ်ကျေးရွာအုပ်စု ဦးမှင်ကျေးရွာ၏ ကျေးရွားဘုန်းကြီးကျောင်းနှင့် ညောင်ပြည်သာခရိယာန်ကျောင်းတွင်လည်း အမိုးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

နှစ်ပတ်အတွင်း သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများနှင့် ကျေးရွာများတွင် မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံပြည်သူတို့၏ နေအိမ်စုစုပေါင်း ၄၇၆ အိမ် ၊ ကျေးရွာဘုန်းကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၆ ကျောင်း နှင့် ခရိယာန်ကျောင်း ၂ ကျောင်းပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း