ဒေသခံမြေသိမ်းယူပြီး တပ်စခန်းဆောက်သော်လည်း မြေပိုင်ရှင်ထံ လျော်ကြေးငွေ ပြန်လျော်ပေးခြင်းမရှိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု တပ်မတော်တပ်ဖွဲ့မှ ဒေသခံမြေသိမ်းယူပြီး တပ်စခန်းဆောက်လုပ်ကာ မြေပိုင်ရှင်အား လျော်ကြေးငွေ ပြန်လျော်ပေးခြင်းမရှိကြောင်း သတင်းရရှိသည်။

၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်  နမ့်စန်မြို့နယ် နောင်ဟီး ကျေးရွာအုပ်စု နောင်ဝိုကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် အမှတ် ၅၅၃ ခြေမြန်တပ်ရင်း (ခမရ-၅၅၃) သည် ဒေသခံများအား ၎င်းတို့၏ တပ်စခန်း တည်ဆောက်ပေးရန် တစ်အိမ်ထောင်လျှင် တစ်ဦး မဖြစ်မနေ သွားရောက်လုပ်အားပေး ရမည်ဟု အဓမ္မချောဆွဲခေါ်ယူခဲ့ပြီး ဝမ်ကုန်းသီးကျေးရွာ၏ အနောက်ဖက်ရှိ လုံးဆာ ပိုင်ဆိုင်သော ခြံတွင်းတွင် တပ်စခန်း ဆောက်လုပ်ကာ မြေပိုင်ရှင်ဖြစ်သည့် လုံးဆာအား လျော်ကြေးငွေ လျော်ပေးခြင်း မရှိကြောင်း သိရှိရပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် တပ်စခန်းဆောက်လုပ် ပြီးစီးပြီဖြစ်သောကြောင့် နောင်ဝိုကျေးရွာဘုန်းတော်ကြီးကျောင်းတွင်း စခန်းချထား သည့် တပ်မတော်တပ်ဖွဲ့များသည် အသစ်ဆောက်လုပ်သည့် တပ်စခန်းထံသို့ ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း၊ လုံဆာ၏မြေသိမ်းပြီး တပ်စခန်း ဆောက်လုပ်သော် လည်း လုံးဆာထံ လျော်ကြေးငွေပေးခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြ ချက်အရ သိရှိရပါသည်။

အဆိုပါ အမှတ် ၅၅၃ ခြေမြန်တပ်ရင်း (ခမရ-၅၅၃)သည် မိုင်းယွမ်းကျေးရွာအုပ်စုတွင် အခြေစိုက်တပ်ရင်း ဖြစ်ပြီး အမှတ် ၁၄ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ-၁၄)၊ တြိဂံတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း