ဒေသခံများ ခြင်မှ ကူးစက်သောရောဂါများကင်းဝေးစေရန် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဝေငှပေးခြင်း

မိုးရာသီသည် ခြင်ပေါများသည့် ရာသီဖြစ်ပြီး ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါများမှ ကာကွယ်နိုင်ရန်အတွက်ရည်ရွယ်ကာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မေတာ် (RCSS/SSA) ၏ နယ်မြေတာဝန်ခံ တပ်သားများသည် RCSS/SSA ထိန်းချုပ်နယ်မြေဖြစ်သည့် သျှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နှင့် ပင်လုံမြို့နယ်တွင်းရှိ ကျေးရွာ (၅) ရွာမှ ဒေသခံများအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မနေ့က ဆေးစိမ်ခြင် ထောင်များ အခမဲ့ဝေငှပေးခဲ့သည်။

Facebook

သတင်း