ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း ၅ နေရာတိတိ ပေါက်ကွဲမှုဖြစ်ပွား

ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း ၅ နေရာ တိတိ အသေးစားဗုံးပေါက်ကွဲမှူ့ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦးရှိကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူ ၄ ဦးမှာ မဟာနခွန်း၏ လုံခြုံရေးဝန်ထမ်းနှင့် လမ်းသန့်ရှင်းရေးဝန်ထမ်း ၃ ဦး ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ ယနေ့နံနက်ပိုင်း ၈ နာရီ ၃၆ မိနစ်ခန့်တွင် ဘန်ကောက်မြို့တွင်းရှိ Chong Nonsi လျှပ်စစ်ရထားဘူတာရုံအနီး မဟာနခွန်းတိုက်‌ရှေ့တွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားရာတွင် မဟာနခွန်း အဆောက်အဦး၏ လုံခြုံရေးဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့ပြီး နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင်လည်း ဖရမ်းကောက့် ၅၇/၁ လမ်းတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားရာ လမ်းသန့်ရှင်းရေးဝန်ထမ်း ၃ ဦး ဒဏ်ရာရကာ ဆလင်းဖွန်းဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ရကြောင်း သိရသည်။

၄င်းနောက် ယနေ့ နံနက် ၉ နာရီအချိန်ခန့်၌ ထိုင်းနိုင်ငံဌာနဆိုင်ရာရုံး‌‌ရှေ့ ပေါက်ကွဲမှု ၃ ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခန့်မှာလည်း ထိုင်းစစ်ဦးစီးချုပ်ရုံးရှေ့တွင် ပေါက်ကွဲမှု ၁ ကြိမ်ထပ်ဖြစ်ပွားကာ  နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနရုံး ဆိုင်းဘုတ်‌ရှေ့ တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း