ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်လျှက်ရှိ

ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် လူ ၆၄ ဦး သေဆုံးပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့်တက်လျှက်ရှိကြောင်း ထိုင်းရတ် သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံအတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း မြို့နယ်တိုင်းလိုလိုမှာ မြင့်တက်နေသည့်အတွက် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနများ သွေးလွန်တုပ်ကွေးရောဂါကုသရန် ပြင်ဆင်ထားပြီး ဆေးရုံ ၊ ဆေးခန်းများ၌လည်း သွေးလွန်တုပ်ကွေးရောဂါရှိသူဟု သံသယရှိပါက ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ကုသသွားရန် နေရာအဆင်သင့်ပြင်ခိုင်းထားကာ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်နှင့် ပတ်သက်သည့် အချက်အလက်များကို စုစည်းကာ သုတေသနပြုလုပ်ခြင်း ၊ ဆေးစစ်ခြင်း ၊ ကုသခြင်း နှင့် အသိပညာပေးခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆုခုံကာသန်ဖိမိုင်က ယခုလို ပြောကြားထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နောက်ဆုံးသိရှိချက်အရ ၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၉၁၇၄ ဦး သေဆုံးသူ ၆၄ ဦးရှိခဲ့ပြီဖြစ်ပြီး ယခုတစ်နှစ်တာကာလအတွင်း ထိုင်းနိုင်ငံအနှံ့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၃၀၀၀၀ (တစ်သိန်းသုံးသောင်း) ဦးခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်လျှက်ရှိ

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးရယ်လို့ မရှိသေးတာကြောင့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှုအနေနဲ့ ခြင်ကိုက်မခံရအောင် လုံခြုံစွာ ဝတ်ဆင်ခြင်း ၊ ခြင်ပေါက်ဖွားရာနေရာတွေကို ဖျက်ဆီးခြင်း ၊ လူထူထပ်တဲ့နေရာ သွားလာမှုကို ရှောင်ရှားခြင်း ၊ ခြင်ထောင်ဖြင့်အိပ်စက်ခြင်း ၊ ခြင်နိုင်ဆေးအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်သည်။

ထိုင်းနိုင်ငံတင်မကဘဲ အရှေ့တောင်အာရှနိုင်ငံတွေမှာ ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးသုတေသနအဖွဲ့ရဲ့  ထုတ်ပြန်ကြေညာချက်ကို အခြေခံပြီး “Landsat” အဖွဲ့အစည်းက ဇူလိုင်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

 အဓိကအားဖြင့် ထိုင်း ၊ လာအို ၊ ဗီယက်နမ်နိုင်ငံတွေမှာ အဖြစ်များဆုံးဖြစ်ပြီး လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူ ၃၃ ဦးရှိနေပြီး ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေမှုကြောင့် ဆေးရုံဆေးခန်းများတွင် နေရာလုံလောက်မှုမရှိတာကြောင့် ထပ်မံတိုးချဲ့မှုများ ရှိနေကြောင်း သတင်းရရှိသည်။

Facebook

သတင်း