တိုက်ပွဲကြောင့် မိုင်းကိုင်ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုတွင် SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု  နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၁၀၀၀ ကျော် ကိုရိုနာရောဂါကပ်ဘေးကြားကာလအတွင်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၈:၄၅ အချိန်ခန့်ကစ၍ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် ဟိုခဲကျေးရွာအုပ်စုအတွင်းရှိ  နမ့်ပွတ်၊ လွယ်ဝိန်း၊ ပျဉ်ဝမ့်၊ ဝမ်မိုင်၊ နမ့်အွမ်၊ ဝမ်ကတ်၊ ပြန်ဆာ၊ ကုန်းဆာ၊ ပန်လှိုင်း၊ ဝမ်လုံ၊ ဝမ်တောင်းကျေးရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် ဟိုခဲကျေးရွာအုပ်စုရှိ နောင်လျှော်ကျေးရွာ ဘုန်းကြီးကျောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

တိုက်ပွဲကြောင့် မိုင်းကိုင်ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ

အချို့မှာလည်း နီးစပ်ရာ ဟမ်းငိုင်းကျေးရွာအုပ်စုဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

ယခုချိန်ထိ ဒေသတွင်း၌ နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေသောကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မိုးကာများ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

စစ်ဘေးရှောင်အများစုမှာ မိခင်နှင့်ကလေးများ၊ ကိုယ်ဝန်ဆောင်များ နှင့် သက်ကြီးရွယ်အိုများဖြစ်ကြသည်ဟု သိရသည်။

Taifreedom

Facebook

သတင်း