တအောင်းလက်နက်ကိုင်အဖွဲ့ TNLA တပ်ဖွဲ့မှ ဒေသခံရွာသူတစ်ဦးအား နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီး

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ကန့်ကန်ကျေးရွာ၌ ဒေသခံရွာသူတစ်ဦးအား TNLAတပ်ဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတပ်ဖွဲ့ဝင်ဖြစ်သည့် TNLA တအောင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အားမသိ ကန့်ကန်ကျေးရွာတွင်ဝင်ရောက်လှုပ်ရှားကာ  ဒေသခံရွာသူ နန်းဆမ်နွန်းအား နေအိမ်တွင်းမှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၊ လာရောက်ဖမ်းစီးသည့် အကြောင်းအရင်းအားမသိရကြောင်း နှင့် နန်းဆမ်နွန်း၏ ခက်ပွန်းဖြစ်သူ စိုင်းနော သည် အပြင်သို့ သွားလည်ခိုက်ဖြစ်သဖြင့် TNLA ၏ဖမ်းဆီးခြင်းမှ လွတ်ကင်းခဲ့ရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတပ်ဖွဲ့ဝင်ဖြစ်သည့် TNLA တအောင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် နန်းဆမ်နွန်းသည် ယနေ့ထိတိုင် ပြန်လွတ်ပေးခြင်းမရှိကြောင်း သတင်းရရှိသည်။\

Taifreedom

Facebook

သတင်း