တပ်မတော်၏ ပြောဆိုမှုအပေါ် UWSA တုန့်ပြန်

နေပြည်တော်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်   ‘ဝ’ ပြည်နယ်ငြိမ်းချမ်းရေး တည်ဆောက်မှုနှစ် (၃၀) ပြည့်အခမ်းအနား၌ စစ်ရေးပြအခမ်းအနားပါထည့်သွင်းမှုအပေါ် တပ်မတော်ပြောဆိုမှုနှင့်ပက်သက်ပြီး UWSP/UWSA ပြင်ပဆက်ဆံရေးဌာနမှ တုန်ပြန်ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ‘ဝ’ ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်မှုနှစ် (၃၀)ပြည့်အခမ်းအနားကိစ္စနှင့် ပက်သက်ပြီး မီဒီယာမေးမှန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ  ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး မှ UWSA ခေါ် ‘ဝ’တပ်ဖွဲ့၏ စစ်‌ရေးပြအခမ်းအနားသည် စင်ပြိုင်အစိုးရ ၊ စင်ပြိုင်တပ်မတော် သဘောမျိုးဖြစ်နေကြောင်း၊ ငြိမ်းချမ်းရေးအတွက် တပ်မတော်ဘက်မှ တစ်စုံတစ်ရာတုန့်ပြန်မှုမရှိကြောင်း မီဒီယာထံ ဖြေကြားခဲ့ ကြောင်းသိရသည်။

အလားတူစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီလည်း တပ်မတော်ဘက်မှ အစွမ်းကုန်သည်းခံထားကြောင်း ၊ ဗမာစကားတွင်း သည်းခံခြင်းသည် အတိုင်းအတာတစ်ခုရှိကြောင်း မီဒီယာထံ ဖြေကြားခဲ့ကြောင်းသိရသည်။

အထက်ပါ တပ်မတော်ပြောဆိုချက်နှင့် ပက်သက်ပြီး UWSP/UWSAအနေဖြင့် အထင်မြင်လွှဲမှားမှု ရှင်းလင်းရန်အတွက် UWSA ပြင်ပဆက်ဆံ‌ရေးဌာနမှ ထုတ်ပြန်ကြေညာချက်အား မြန်မာစာ၊ အဂႅလိပ်စာ၊ တရုတ်စာ (၃) ဘာသာြဖင့် ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်စွဲနှင့်   တုန်ပြန်ကြေညာချက် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

Facebook

သတင်း