တပ်မတော်၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် အစိုးရတပ်မတော်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုထပ်မံဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၂၀၀၀ ကျော် ဘေးကင်းရာ ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကျောက်မဲမြို့နယ် လွယ်စောင့်ကျေးရွာအုပ်စု နမ့်မော်ဖီလူးကျေးရွာအနီးတွင် တပ်မတော်မှ တပ်မ နှင့် တပ်ရင်းများစုပေါင်းပြီး RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်သည့်အပြင် ကျောက်မဲမြို့နယ်အတွင်းရှိ အချို့ကျေးရွာများ နှင့် ကျေးရွာအုပ်စုအနီးတွင်လည်း တပ်မတော်မှ RCSS/SSA အား ထိုးစစ်ဆင်ထပ်မံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်စစ်တပ်၏ ထိခိုက်ဆုံးရှုံးမှုအား ယခုလက်ရှိအချိန်ထိ သိရှိခြင်းမရှိသေးပါ။

ဘေးကင်းရာသို့ ထွက်ပြေးတိမ်းဆောင်နေရသည့် စစ်ဘေးရှောင်ဒေသခံပြည်သူများမှာ တောင်ထပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်  ၆၄၆ ဦး ၊ ခန့်ခဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၆၀ ဦး၊ ကုန်းဟန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၆၀ ဦး၊ ပုံဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၄၀ ဦး ၊ ကောင်းလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁၀၀ ဦး ၊ နမ့်ဟန်ခိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်  ၁၈၂ ဦး နှင့်  ကွမ်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၈၀၀ ဦး စုစုပေါင်း ဒေသခံပြည်သူ ၂၄၃၇ ဦးခန့် ထွတ်ပြေးတိမ်းရှောင်နေရပြီး ယခုလက်ရှိအချိန်တွင် စားနပ်ရိက္ခာ အဆင်မပြေမှုများရှိနေကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရပါသည်။

Taifreedom

Facebook

သတင်း