တပ်မတော်အပစ်ရပ်ကာလကုန်ဆုံးပြီး ၂ ရက်အကြာ တပ်မတော်နှင့် RCSS/SSA တို့ ယနေ့ထိတွေ့မှုဖြစ်ပွား

အစိုးရတပ်မတော်၏ အပစ်ရပ်ကာလ ကုန်လွန်ပြီး (၂) ရက်အကြာ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် သျှမ်းပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားနယ်မြေအတွင်း၌ ယနေ့ စက်တင်ဘာလ (၂၃) ရက်နေ့တွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်အပစ်ရပ်ကာလကုန်ဆုံးပြီး ၂ ရက်အကြာ တပ်မတော်နှင့် RCSS/SSA တို့ ယနေ့ထိတွေ့မှုဖြစ်ပွား

သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့သည် မိမိတို့လှုပ်ရှားနယ်မြေဖြစ်သည့် မိုင်းကိုင်မြို့နယ် လွိုင်လံကျေးရွာအုပ်စုတစ်ဝှိုက်တွင် လှုပ်ရှားနေစဥ်  ရှားတောဘက်မှတဆင့် လွိုင်လံ(အောက်) ရွာဘက်သို့  ဦးတည်လှုပ်ရှားလာသည့် အစိုးတပ်မတော်(တပ်ရင်းအမှတ်စိစစ်ဆဲ) စစ်ကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင်မိရာမှ ယနေ့ နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်တွင် နှစ်ဖက်တပ်များ ထိတွေ့ပစ်ခတ်မှု (၁၅) မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်အပစ်ရပ်ကာလကုန်ဆုံးပြီး ၂ ရက်အကြာ တပ်မတော်နှင့် RCSS/SSA တို့ ယနေ့ထိတွေ့မှုဖြစ်ပွား

အစိုးရတပ်မတော်မှ RCSS ဆက်ဆံရေးရုံးများထံ ကြိုတင်အကြောင်းကြားမှုမရှိဘဲ မိမိတို့ RCSS လှုပ်ရှား နယ်မြေတွင်း ဝင်ရောက်လှုပ်ရှားမှုကြောင့် ယနေ့ နေ့လည်ပိုင်းခန့်တွင် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုကိုတော့ မသိရှိရသေးကြောင်း  ဒေသတွင်း RCSS/SSA တာဝန်ခံ တပ်မှူးမှ Taifreedom ထံ ပြောကြားခဲ့သည်။

အစိုးရတပ်မတော်သည် သျှမ်းပြည်နယ်အပါအဝင် စစ်တိုင်း(၅) ခုတွင် တစ်ဖက်သတ် စစ်ဆင်ရေးလှုပ်ရှားမှုများ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့အထိ ရပ်ဆိုင်းထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁) ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည်၊ တပ်မတော်၏ အပစ်ရပ်ကာလအတွင်း အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

Facebook

သတင်း