တပ်မတော်မှ အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်မူးယစ်ဆေးဝါးစက်ရုံအားစီးနင်းဖမ်းဆီး

သျှမ်းပြည်နယ်တောင်ပိုင်းရှိ တပ်မတော်လက်အောက်ခံ အမှတ် ၇၅၈ လက်နက်  ပြည်သူ့စစ်မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက်ရုံအား တပ်မတော်မှ၀င်ရောက်စီးနင်းဖမ်းဆီးလိုက်‌ ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ နှင့် ၂၃ ရက်နေ့၌ သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နားပွဲ ကျေးရွာအုပ်စု ခေးနင်းကျေးရွာနှင့် လဲချားမြို့နယ် နမ့်ဟူးဘုရားဂူ အကြားရှိ  တပ်မတော်လက်အောက်ခံ အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ)မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံအား တပ်မတော်တပ်ရင်းအမှတ် ခလယ ၁၅၂ မှ ၀င်ရောက်စီးနင်း ဖမ်းဆီးလိုက်ကြောင်းသိရှိရပြီး   တပ်မတော်လက်အောက်ခံ အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ)ခေါင်းဆောင်ဖြစ်သည့် စိုင်းတအား တပ်မတော်မှ ထိမ်းသိမ်းလိုက်သည်ဟုသိရပြီး နမ့်ဟူးဘုရားဂူ ရှိ အမှတ် ၇၅၈ နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ)တပ်စခန်းအား တပ်မတော်မှထိမ်းချုပ်ထားလိုက်ပြီး  အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ) အား လက်နက်ချအပ်နှံရန် တပ်မတော်မှအမိန့်ပေးလိုက်‌ကြောင်းသိရသည်။‌

အဆိုပါ တပ်မတော်လက်အောက်ခံ အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ)မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက်ရုံအား အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ)၀င် ဗိုလ်မူး စိုင်းညွန့်မှ တာ၀န်ယူကြီးကြပ်‌လုပ်ကိုင်ကြောင်းသိရပြီး ယခု ဗိုလ်မူး စိုင်းညွန့် မှာ တပ်မတော်လက်အောက်ခံ အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ)၀င်များအားဦးဆောင်၍ ရှောင်တိန်းနေကြောင်းသိရသည်။

၄င်းတပ်မတော်လက်အောက်ခံ အမှတ် ၇၅၈ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့(နားပွဲ) မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံအား တပ်မတော်တပ်ရင်းအမှတ် ခလယ ၁၅၂ မှ M-22 ကျည် ၄၂၀ တောင့်၊ M -22  တိုက်ပွဲဝင်သေနတ် အမျိုးအစား ၁ လက်၊ M -22  ကျည်ကပ် ၁ ကပ်၊ တရုတ်ထုတ် လက်ပစ်ဗုံး ၄၆ လုံး၊ သေးစားဂတ်( Gas )အိုး ၆၀၀ လုံး၊ စူပါအိတ် (ဆန်အိတ်အရွယ်အစား)ဖြင့်ထည့်ထားသည့် WY စားတမ်းပါ မူးယစ်ဆေးဝါး ၂၇ အိတ်၊ စတီးလင်ပန်း ၁၀ ပန်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက် ၄ ခု၊ အဖြူရောင် Canter အမျိုးအစားကား ၁ စီး၊ ခဲရောင် Pajero ကားအမျိုးအစား ၁ စီး၊ အပြာရောင် သရီးဂလောင်း ကား ၂ စီး၊ ဖြုတ်တပ်ဆင် အမျိုးအစား အမိုးတဲ ၅ ခုအား မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံနှင့်အတူ သိမ်းဆီးဖမ်းခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တုံဟုန်းကျေးရွာမှ နားပွဲကျေးရွာ သွားလမ်းတစ်လျှောက်တွင် တပ်မတော်မှ အင်းအား ၁၀၀ ခန့်ဖြင့်  လုံခြုံရေးတင်းကြပ်ထားကြောင်း ‌ဒေသတင်းပေးပို့ချက်အရသိရပြီး လဲချားမြို့နယ် မက်လန်းကျေးရွာ တိန်‌ချောင်းတံတားတပ်မတော် စစ်ဆေးရေးဂိတ်တွင် ကား ၄ စီး ( Toyota Vigo ကားအမျိုးအစား ၂ စီးl Toyota and cruiser ကားအမျိုးအစား ၁ စီးl  Ford ကားအမျိုးအစား ၁ စီး ) ဖြင့် တရုတ် အမျိုးသား ၁၀ ဦးအား ဖမ်းဆီးရမိပြီး လဲချားမြို့ ရှိ တပ်မတော် တပ်ရင်းအမှတ် ခလယ ၆၄ တွင်ထိမ်းသိမ်းထားကြောင်း သိရသည်။

Taifreedom

Facebook

သတင်း