တပ်မတော်နှင် TNLA တို့ အပစ်ရပ်ကာလတွင်း တိုက်ပွဲဖြစ်ပွား

လာမည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆-၁၇ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်တပ်မတော် KIA , ကိုးကန့်တပ်မတော် MNDAA ,တအောင်းတပ်မတော် TNLA , ရခိုင်တပ်မတော် AA တို့နှင့် ငြိမ်းချမ်းရေးကော်မရှင်PCတို့ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး တပ်မတော်နှင် TNLA တို့ အပစ်ရပ်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမ်မိုင်ကျေးရွာအုပ်စု ဝမ်ခိုမ်ကောဝ်ကျေးရွာအနီးရှိ လွိုင်နုတ်ယွန်းခမ်းတောင်ပေါ်တွင် အင်အား ၃၀ ခန့်ရှိသည့် TNLA တပ်စခန်းအား မြန်မာ့တပ်မတော်မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်၎င်း TNLA တပ်စခန်းမှ ပြန်လည်ဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။

အလားတူစွား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဟိုချောင်းကျေးရွာအနီးရှိ တောင်ရိုးဘုရားတောင်ပေါ်တွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်တွင် ရဟတ်ယာဥ်အသုံးပြု၍ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် တပ်မတော်မှ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ စစ်တိုင်း ၅ တိုင်းအား စက်တင်ဘာလ ၂၁ ရက်နေ့အထိ စတုတ္ထကြိမ်မြောက် အပစ်ရပ်ကာလ ထပ်မံတိုးမြှင့်ပေးပြီးနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ဖြစ်သည့် MNDAA ,TNLA , AA တို့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့အထိ တစ်လတာ အပစ်ရပ်ဆိုင်းကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

Taifreedom

Facebook

သတင်း