ဆွစ်ဇာလန်နိုင်ငံသူ အပါအဝင် COVID- 19 ရောဂါကူးစက်ခံရသူ ၃ ဦးထပ်မံတွေ့ရှိ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဆွစ်ဇာလန်နိုင်ငံသူ အပါအဝင် ကိုလိုနာဗိုင်းရပ်စ် COVID-19ရောဂါကူးစက်ခံရသူ ၃ ဦးထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ နံနက် ၁၂ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ COVID-19 ရောဂါကူးစက်ခံရသူမှာ ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် ၂၉ နှစ် အများသားတစ်ဦးသည် ဘာဘေးဒိုးစ်နိုင်ငံ၊အဂႅလန်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှတစ်ဆင့် ပြန်လည်ရောက်ရှိလာပြီး ‌ဝေဘာဂီအထူးကုဆေးရုံသို့  ၂၀၂၀ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် အသွားအလာတားမြစ်ပိတ်ပင်စောင့်ကြပ်ကြည့်ရှူကာ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဓါတ်ခွဲအဖြေအရ ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး တွေ့ရှိပြီး ‌ဝေဘာဂီအထူးကုဆေးရုံတွင် သီးခြားထား၍ ဆေးကုသလျက်ရှိပြီး နေပြည်တော်မြို့မှ အသက် ၅၈ နှစ်အရွယ် ဆစ်ဇာလန်နိုင်ငံသူ တစ်ဦးသည် ဆွစ်ဇာလန်နိုင်ငံ ၊ ထိုင်းနိုင်ငံမှ တစ်ဆင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာပြီး ဟိုတယ်တစ်ခုတွင် Hotel Quarantine ဆောင်ရွက်စဥ် အဖျားတက်ခြင်း ၊ ချောင်းဆိုးခြင်း ၊ ဝမ်းသွားခြင်းလက္ခဏာ ခံစားရသဖြင့် ခုတင် ၁၀၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ကုသမှုခံယူပြီး ဓါတ်ခွဲစစ်ဆေးမှု အဖြေအရ ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး တွေ့ရှိကာ သီးခြားထား၍ ဆေးကုသနေခြင်း ဖြစ်ပါသည်။

၎င်းတို့အနက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် ၆၀ နှစ် အမျိုးသမီးသည် ချောင်းဆိုးခြင်း အန်ခြင်းစသည့် လက္ခဏာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ အဆုတ်ရောင်ရောဂါ လက္ခဏာတွေ့ရှိရပြီး စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိပြီး ပြည်ပသို့ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသားခရီးသွားများနှင့်အတူ ဧည့်လမ်းညွန်အဖြစ် ခရီးသွားခဲ့သောကြောင့် ဓါတ်ခွဲစစ်ဆေးရာမှ ကိုလိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိပါသည်။

ယခုလက်ရှိတွင် ပြည်ထောင်စုမြန်မာနိုင်ငံတွင်း ကိုလိုနာဗိုင်းရပ်စ် COVID-19ရောဂါကူးစက်ခံရသူမှာစုစုပေါင်း ၈ ဦးတွေ့ရှိထားပြီး စောင့်ကြည်လူနာ ၂၃၂ ဦးရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း