ဆေးဖြတ်ခြင်း နှင့် ဆေးကုသနေသူများအား RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် သွားရောက်တွေ့ဆုံ

RCSS မူးယစ်ဆေးဝါးသုံးစွဲသူများကုသရေးစခန်းတွင် ဆေးဖြတ်ခြင်းနှင့် ကုသခြင်းခံယူနေသည့် ပြည်သူများအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်မှ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကုသရေးစခန်းတွင် လာရောက် ဆေးဖြတ်ခြင်းနှင့် ကုသမှုခံယူနေသည့် ပြည်သူများအား သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့အား မိန့်ခွန်းအမှာစကား ၄ ချက်ဖြင့် အားပေးစကား ပြောကြားသွားပါသည်။

၎င်းမိန့်ခွန်းအမှာစကား ၄ ချက်တွင် ၁.သျှမ်းပြည်တွင်း နေထိုင်ကြသော တိုင်းရင်းသားများသည် သျှမ်းပြည်ကို ကာကွယ်ရမည့် တာဝန်ကိုယ်စီရှိကြပါသည်၊ နယ်ချဲ့သူများသည် ဒေသခံရွာသူရွာသားများ ကျေးရွာမှ စွန့်ခွာရန် အဓမ္မ‌ရွေ့ပြောင်းခိုင်းတာဟာ မိမိတို့၏ နယ်မြေကိုရလိုချင်၍ ပြုလုပ်ခြင်းဖြစ်သည်၊ ၂.သျှမ်းပြည်သူလူထုများသည် ကိုယ်ပိုင်နယ်မြေရှိသော်လည်း မိမိတိုင်းပြည်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်မရရှိသောကြောင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း ၊၃.ရန်သူဆိုသည်မှာ သျှမ်းပြည်တိုင်းရင်းသားများ၏ တိုင်းပြည် ၊ လူမျိုး ၊ ဘာသာ ၊ သာသနာ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လာအောင် လာရောက်ခိုက်ရန်ပြုသူဟာ သျှမ်းပြည်တိုင်းရင်းသားများ၏ ရန်သူဖြစ်သည်။  ၊ ၄. မူးယစ်ဆေးဝါးသုံးစွဲသူများကုသရေးစခန်း၌ ဆေးဖြတ်ခြင်း နှင့် ကုသမှုခံယူနေသူသည် အပြစ်ရှိသူမဟုတ်ပါ မိမိ၏ မကောင်းသည့် အကျင့်စာရိတ္တကို ပြုပြင်ရန် ယခုလို ဆေးဖြတ်ခြင်း ၊ကုသမှုခံယူနေခြင်းသာဖြစ်သောကြောင့် မိမိကိုယ်ကိုယ် ဂုဏ်ယူရမည်ဟု အားပေးစကားပြောကြားပြီးနောက် ညစာစားပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကုသရေးစခန်းသစ်အား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဖွင့်လှစ်ကာ သျှမ်းပြည်တွင်းရှိ မြို့နယ်အသီးသီးမှ မူးယစ်ဆေးဝါးသုံးစွဲသူ စုစုပေါင်း ၂၂၃ ဦးခန့် လာရောက်ဆေးဖြတ်ခြင်း ၊ ဆေးကုသခြင်းခံယူခဲ့ပြီး ယခုလက်ရှိအချိန်တွင် ဆေးကုသမှုလာရောက်ခံယူသူ (၂၆၉)ဦး ရှိကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့် အညီ အရေးယူခြင်း ၊ ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း