ဆုံးဖြတ်ချက် ၂၁ ချက်ဖြင့် JMC-U အစည်းအဝေးပြီးဆုံး

၁၉ ကြိမ်မြောက်  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ (JMC-U)အစည်းအဝေးအား ဆုံးဖြတ်ချက် ၂၁ ချက်ရရှိပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အစည်းအဝေးအား ၂၀၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ တွင် နေပြည်တော်မြို့ရှိ Horizon Lake View ဟိုတယ်တွင် စတင်ကျင်းပပြီး အစိုးရတပ်မတော်ကိုယ်စားလှယ်များ၊ JMC-U ခေါင်းဆောင်ကြီးများ နှင့် နည်းပညာ အထောက်အကူပြုပုဂ္ဂိုလ်များတက်ရောက်ကာ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆုံးဖြတ်ချက် ၂၁ ချက်ဖြင့် အစည်းအဝေးအောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် အရပ်သားကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အစည်းအဝေး မကျင်းပဖြစ်သည့် ကြားကာလတွင် ဆောင်ရွက်ချက်များ၊ JMC ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (ToR) နှင့် လုပ်ထုံးလုပ်နည်း (SoP)များကို လိုအပ်ပါက ပြန်လည်သုံးသပ်ဆွေးနွေးခြင်းများ၊ ဒေသခံအရပ်သား စောင့်ကြည့်သူ (Local Civilian Monitors) များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကိစ္စများ၊ မူဝါဒတောင်းခံရန် လိုအပ်သည့်ကိစ္စများနှင့် ရန်ပုံငွေကိစ္စများ စသည့် ကိစ္စရပ်များဖြင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

၂ ရက်တိတိ ခက်ခဲစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် JMC-U အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်း ၊ JMC websideအား ဗမာ ၊ အဂႅလိပ်ဘာသာဖြင့် အသုံးပြုသွားမည် ၊ ပြည်သူကိုယ်စားလှယ်များ ရွေးချယ်ခြင်း ၊ ရုံးလုပ်ငန်းများ ၊ JMC နှင့်ပတ်သက်ပြီး အသိပညာပေးပွဲများပြုလုပ်ခြင်း ၊ တစ်နှစ်ကျော်ဆိုင်းငံ့ထားသည့် JMC-S အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း  ၊ ၂၀ ကြိမ်မြောက် JMC-U အစည်းအဝေးအား စက်တင်ဘာလ ဒုတိယပတ်အတွင်း ပြန်လည်ကျင်းပနိုင်ရန်ဆောင်ရွက်ခြင်း စသည့် အစည်းအဝေးဆုံးဖြတ်ချက် ၂၁ ချက်နှင့်အတူ အစည်းအဝေး မှတ်ချက် ၂ ချက်ဖြင့် ၁၉ ကြိမ်မြောက် JMC-U အစည်းအဝေးအောင်မြင်ပြီးမြောက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း