ဆန်ဝယ်လာသည့်ဒေသခံရွာသားအား တပ်မတော်၏ရိုက်နှပ်ခြင်းခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းပျဥ်းမြို့နယ် မိုင်လျဲန်းကျေးရွာတွင် ဆန်အဝယ်မှပြန်လာသည့် ဒေသခံရွာသားအား တပ်မတော်တပ်သားမှ ရိုက်နှပ်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေသခံသည် မိုင်လျဲန်းကျေးရွာ နေထိုင်သည့် လုံးဇာဟေ နှင့် ပါနိုင်းဟေ တို့၏သားဖြစ်သူ ဇာပေါ အသက် ၃၂ နှစ် လားဟူလူမျိုးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ ည ၆ နာရီခန့်၌ မိုင်လျဲန်ရွာသား ဇာပေါ အသက် ၃၂ နှစ် သည် တောထဲတွင် သစ်ဆေးရှာဖွေဖို့ညအိပ်သွားရန်ဆိုသည့် အစီအစဥ်ဖြင့် ဆန်သွားဝယ်ပြီး အိမ်အပြန်လှမ်းတွင် တပ်မတော် ခမရ ၅၇၉ အင်းအား ၂၀ ခန့်နှင့် ဆုံမိပြီး တပ်သားများမှ ဇာပေါအား ခေါ်ယူစစ်ဆေးပြီး ဇာပေါသည် ဆန်သွားဝယ်ပြီး သျှမ်းတပ်မတော်အား ပို့ပေးမည်ဟု စွပ်စွဲကာ ပြင်းပြင်းထန်ထန်ရိုက်နှပ်ခဲ့ပြီး ည ၇ နာရီမှ ဇာပေါအား အိမ်ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပေးပို့ချက်အရ သိရသည်။

ခြေမြန်တပ်ရင်း  (ခမရ) အမှတ် (၅၇၉)သည် မိုင်းဆတ်အခြေစိုက်ထားပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်(ကျိုင်းတုံ) အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲဌာနချုပ် လက်အောက်ခံတပ်ရင်းဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း