စစ်ဘေးရှောင်ပြည်သူများ နေရမပြန်နိုင်သေးသည့်အပြင် နေအိမ်များ ဝင်ရောက်မွေနှောက်ခံခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့သည်မှာ တစ်ပတ်ရှိပြီဖြစ်ပေမယ့် တစ်ချို့ကျေးရွာတွင် တပ်မတော်မှ ခေတ္တစခန်းချထားဆဲဖြစ်သည့်အတွက် စစ်ဘေးရှောင်တစ်ချို့  နေရပ်မပြန်နိုင်သေးသည့်အပြင် တပ်မတော်မှ ဒေသခံပြည်သူများ၏ နေအိမ်များ ဝင်ရောက်မွေနှောက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တစ်ပတ်တာအချိန်ကာလတွင် ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲမှာ ရပ်တန့်သွားပြီဖြစ်ပေမယ့် ခန့်ခဲကျေးရွာအုပ်စု နမ့်ဟင်ကျေးရွာအုပ်စုနှင့် တောင်ထိပ်ကျေး‌ရွာအုပ်စု အောင်းမူးခံကျေးရွာတို့တွင် အစိုးရတပ်မတော်မှ ခေတ္တစခန်းချထားဆဲဖြစ်သည့်အတွက် တိုက်ပွဲထပ်မံဖြစ်ပွားမည်ဆိုသည့် စိုးရိမ်မှုကြောင့် စစ်ဘေးရှောင်ဒေသခံတစ်ချို့ နေရပ်မပြန်ရဲသေးကြောင်း သိရှိရပ်သည်။

ဒေသခံပြည်သူများ အသက်လုစစ်ဘေးရှောင်နေရသည့်အချိန် နမ့်ဟင်ကျေးရွာတွင်းစခန်းချထားသည့် အစိုးရတပ်မတော်တပ်ဖွဲ့မှ ကျေးရွာတွင်းရှိ ဒေသခံပြည်သူနေအိမ်တိုင်း ဝင်ရောက်မွေနှောက်မှုများ၊ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားခြင်း ၊ ဒေသခံပြည်သူများ မွေးမြူထားသည့် တိရိစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွား၊ ကြက်၊ ဝက်များ စသည်များကို ပစ်သတ်သောက်စားခြင်းများ ပြုလုပ်သည့်အပြင် ကျေးရွာတွင်း လမ်းများတွင်လည်း မိုင်းထောင်ထားခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရပါသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာနေ ဒေသခံပြည်သူတစ်ချို့ နေရပ်သို့ ပြန်သွားပြီး သန့်ရှင်းရေးပြုလုပ်နေချိန် ဒေသခံရွာသားတစ်ဦးမှ လက်နက်ကြီးကျည် ၂ လုံးတွေ့ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား အကြောင်းကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အစိုးရတပ်မတော်အား လာရောက်ရှင်းလင်းပေးရန် တိုင်ကြားခဲ့သဖြင့် တပ်မတော်သားများလည်း လာရောက်ကြည့်ရူ့ပြီးနောက် လက်နက်ကြီးကျည်ထိလျှင် ချက်ခြင်းပေါက်ကွဲမည်ဟုဆိုကာ ရှင်းလင်းရေးပြုလုပ်ပေးခြင်းမရှိပဲ အဆိုပါ လက်နက်ကြီးကြည် ၂ လုံးအား ကားဘီး(Cosmis Wheel)ဖြင့် အုပ်ကာ တပ်သို့ပြန်သွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဒေသတွင်းသတင်းပေးပို့ချက်အရ စစ်ဘေးရှောင်းသည့် ဒေသခံပြည်သူများမှာ ပုံဝိုးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၃၇၁ ဦး ၊ နောင်ကွမ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၈၃ ဦး ၊ ကောင်းလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၄၉၁ ဦး ၊ ကောင်းမူးခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၃၂ ဦး ၊ ကွန်ဟင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၃၉၇ ဦး၊ ဟဲကွီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁၂၂ ဦး ၊ နောင်ရှင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၆၃၂ ဦး နှင့် အုမ်ဟစ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၁၇၁ ဦး စုစုပေါင်း စစ်ဘေးရှောင်ဒုက္ခသည် ၂၅၉၉ ဦးရှိကြောင်း သိရှိရပါသည်။

Taifreedom

Facebook

သတင်း