ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များဆွေးနွေးရန် RCSS နှင့် NRPC တွေ့ဆုံ

ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဆွေးနွေးနိုင်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စလှယ်များ နှင့် အစိုးရ အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) မှ တာဝန်ရှိသူများ ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ နေပြည်တော်ရှိ NRPC ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲတွင် RCSS မှ ဗိုလ်ချုပ် ပေါင်ခေး ဦးဆောင်သည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ကိုယ်စလှယ် ၈ ဦးနှင့် အစိုးရအမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး (NRPC) ဘက်မှ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ နေပြည်တော်ရှိ အစိုးရအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး (NRPC) ရုံးတွင် RCSS နှင့် အစိုးရများသည် ၁ ) ငြိမ်းချမ်းရေး လုပ်ငန်းစဥ်  ၂ ) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ် ၃) မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းစဥ်နှင့် ၄ ) အကျဥ်းသားများ ပြန်လွှတ်ပေးရေး စသည့် ခေါင်းစဥ် ၄ ခုဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

မနက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စလှယ်များ နှင့် တပ်မတော်ကိုယ်စလှယ်များ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း