တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAO)၏ (၁၂) ကြိမ်မြောက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့အစည်း အစည်းအဝေးအား ယနေ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များသည် Video Conferencing online ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ပြီး PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပပြီးနောက် မိမိတို့၏ PPST အစည်းအဝေးအား ပြန်လည်ကျင်းပနိုင်းခြင်းဖြစ်သည့်အတွက် ငြိမ်းချမ်းရေး၏ ရှေ့လုပ်ငန်းစဉ် ချမှတ်ရာမှာ အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အခြေခံပြီး လာမည့်အနာဂတ် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွေကို ချမှတ်ရမည်ဖြစ်ကြောင်း နှင့် COVID-19 ရောဂါပြန့်ပွားသည့် ကာလဖြစ်သောကြောင့် ခေါင်းဆောင်များ၊ ကိုယ်စားလှယ်မှား အနေဖြင့် မိမိတို့၏ကျန်းမာရေးအား ပိုမိုဂရုစိုက်ကြပါရန်လိုအပ်ကြောင်း အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။
၎င်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့အစည်း အစည်းအဝေး(၁၂/၂၀၂၀)တွင် ယခုလက်ရှိနိုင်ငံရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ စစ်ရေးအခြေအနေများ၊ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေး အခင်းအကျင်းများ၊ COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ကုသရေး ကိစ္စများ နှင့် အခြားသော အရေးကြီးကိစ္စရပ်များ နှင့် NCA-S EAO၏ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း) ဆက်လက် ကျင်းပနိုင်ရေး စသည့်ကိစ္စရပ်များဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Taifreedom