ငြိမ်းချမ်းရေးကော်မရှင် PCကိုယ်စားလှယ်နှင့် NCA_S EAOကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်တွေ့ဆုံ

ယနေ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO) ၁၀ ဖွဲ့ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးကော်ရှင်(PC) ကိုယ်စားလှယ် တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံပွဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အတွင်းရေးမှုး(၂) ဗိုလ်မှုးကြီး စိုင်းငင်း ဦးဆောင်သည့် NCA-S EAO ၁၀ဖွဲ့မှ ကိုယ်စားလှယ်များ နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် PC  ကိုယ်စားလှယ် ၄ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဍိပက္ခအခြေအနေ စသည့်အကြောင်းအရာများဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တစ််နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ကရင်အမျိုးသားအစည်းအရုံး KNU, ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC, ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ချင်းအမျိုးသားတပ်ဦး CNF, ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တစ်တပ်ဦး ABSDF, မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်ပါသည်။

Taifreedom

Facebook

သတင်း