ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စု နှင့် နမ့်စန်မြို့နယ် ဟိုင်းဖတ်ကျေးရွာအုပ်စုတို့တွင် နေထိုင်ကြသော ဒေသခံပြည်သူလူထုများနှင့် လမ်းသွားလာနေကြသော ပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာ ရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Taifreedom