ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တရုတ်သင်္ချိုင်းတစ်ခုတွင် TNLA တပ်ဖွဲ့မှ အုတ်ဂူအခွန်အဖြစ် အုတ်ဂူတစ်ခုလျှင် ၆၀၀၀၀၀ (ခြောက်သိန်း) ကျပ်အခွန်ဆောင်ရမည်ဖြစ်၍ အခွန်မဆောင်ပါက TNLA တပ်ဖွဲ့မှ အုတ်ဂူအား ဖျက်စီးမည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ ယခုလိုအချိန်မှာ တရုတ်လူမျိုး၏ ထုံးတန်းစဥ်လာအရ မိမိတို့၏ ဘိုးဘေးစဥ်ဆက်များ၏ အုတ်ဂူထံသို့ နှစ်စဥ်နှစ်တိုင်း သွားရောက်ကန်တော့ခြင်းဖြစ်ပြီး အုတ်ဂူတစ်ခုလျှင် ၆၀၀၀၀၀ (ခြောက်သိန်း)ကျပ် အခွန်ဆောင်ရမည်ဖြစ်ပြီး အခွန်မဆောင်ပါက အုတ်ဂူအား ဖျက်စီးမည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း နှင့် ၎င်း၏သက်တမ်းတစ်လျှောက် ယခုလို အုတ်ဂူအခွန်ဆောင်ရမည်ဆိုသည်မှာ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်းအား TNLA တပ်ဖွဲ့မှ အခွန်ကောက်၍ မရသဖြင့် ဆိုင်ရှေ့တွင် ဗုံးပေါက်ခွဲခဲ့ခြင်းဖြစ်သည်။
Taifreedom