ကျေးရွာ‌ဒေသခံလူငယ်များမှ မူးယစ်ဆေးဝါးကင်းစင်ရေးဖြင့် မူးယစ်ဆေးစွဲသူများဖမ်းဆီးနိုင်ခဲ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စု နမ့်စန်ကျေးရွာတွင် ကျေးရွာဒေသခံ လူငယ်များစုပေါင်းပြီး ဒေသတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးဖြင့် ကျေးရွာပတ်ဝန်းကျင်အနီးတစ်ဝှက် လိုက်လှံစစ်‌ဆေးရာ မူးယစ်ဆေးဝါး နှင့် သုံးစွဲသူများ ဖမ်းဆီးရခဲ့မိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် နမ့်စန်ကျေးရွာဒေသခံ လူငယ်များ စုပေါင်းပြီး ဒေသတွင်းမူးယစ်ဆေးဝါးကင်းစင်ရေးဖြင့် ကျေးရွာပတ်ဝန်းကျင်အနီးတစ်ဝှက် လိုက်လှံစစ်‌ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲသူ စိုင်းယီတူင် အသက် ၄၂ နှစ်၊ စိုင်းအိုက်ဆမ် အသက် ၄၁ နှစ် ၊ စိုင်းယီ အသက် ၄၈ နှစ် ၊ နန်းခမ်း အသက် ၃၃ နှစ် ၊ စိုင်းဆမ် စုစုပေါင်း ၅ ဦး ၊ မူးယစ်ဆေးဝါး အမှတ်တံဆိပ် ၈၈၁ အနီရောင် ၁၆၀ လုံး ၊ အညိုရောင် ၂၀ ၊ ပလက်စတစ်ဘူးတွင် ထည့်ထားသည့် ဘိန်းဖြူ ဗူးကြီး ၃ ဗူး ၊ ဗူးသေး ၅ ဗူး ၊ဆိုင်ကယ် ၃ စီး နှင့် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ် ဆေးဝါးသုံးစွဲသူ ၅ ဦးအား ဒေသခံလူငယ်များမှ မူးယစ်ဆေးဝါးနှင့် ပက်သက်သည့် အသိပညာများ ပြောကြားပြီး ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

ယခုလို ကျေးရွာဒေသခံ လူငယ်များ စုပေါင်းပြီး ဒေသတွင်းမူးယစ်ဆေးဝါးကင်းစင်ရေးလှုပ်ရှားမှုသည် တတိယမြောက်အကြိမ်ဖြစ်ပြီး ပထမအကြိမ် ၂၀၁၉ ခုနှစ် မတ်သ်လ ၂၄ ရက်နေ့ နှင့် ဒုတိယအကြိမ် ၂၀၁၉ ခုနှစ် ဧပြီလ ၂၁ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း