ကျောက်မဲမြို့နယ်တွင် TNLA တပ်ဖွဲ့ထောင်ထားသည့်မိုင်းကြောင့် ဒေသခံရွားသားတစ်ဦးနင်းမိပြီးခြေထောက်တစ်ဖက်ပြတ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းသိန်းကျေးရွာတွင် ဒေသခံရွာသားတစ်ဦးသည် TNLA တပ်ဖွဲ့မှထောင်ထားသည့်မိုင်းအား နင်းမိ၍ ခြေထောက်တစ်ချောင်းပြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းသိန်းကျေးရွာတွင် ဒေသခံရွာသားဖြစ်သည့် လုံကွယ် အသက် ၄၈ နှစ်သည် ၎င်းနေအိမ်မှ လက်ဖက်ခြံသို့ သွားခိုက်လမ်းတွင် TNLA တပ်ဖွဲ့ထောင်ထားသည့် မိုင်းအား နင်းမိ၍ ခြေထောက်တစ်ချောင်း ပြတ်ခဲ့ရကြောင်း နှင့် TNLA တပ်ဖွဲ့သည် ၎င်းတို့၏ သွားရာလမ်းတောက်လျှောက်တွင် မိုင်းထောင်ထားသဖြင့် ဒေသခံပြည်သူများ၏ သွားလာမှုအတွက် အခက်အခဲဖြစ်စေခဲ့ကြောင်း ၊ဒေသခံများ၏ လယ်ယာ၊ခြံများသို့ သွားရန်အတွက် စိုးရိမ်နေရကြောင်း ၊ မွေးဖြူရေးတိရိစ္ဆာန်များ နှင့် ဒေသခံရွာသူရွာသားများ ထောင်မိုင်းနင်းမိသည့် သတင်းများလည်း မကြာခဏ ကြားမြင်နေရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ချုံး(သစ်)ကျေးရွာအုပ်စု ချုံးဟောင်းကျေးရွာအနီးတစ်ဝှိုက်တွင် အရပ်သား ၁ ဦး TNLA တပ်ဖွဲ့ထောင်ထားသည့် တိုက်မိုင်းတိုက်မိရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း