ကျောက်မဲမြို့နယ်တွင် RCSS/SSA နှင့် TNLA တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွား

ယနေ့ နံနက်ပိုင်းအချိန်၌ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၆:၀၀ နာရီခန့်၌ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု တော့ဆန်ရွာမ‌‌ကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နေ့လည် ၁၁ နာရီအထိ တပ်ဖွဲ့ ၂ ဖွဲ့မှ စစ်ရေးတင်းမာမှုရှိနေကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ဒေသတွင်း လှုပ်ရှားနေသည့် RCSS/SSA နယ်မြေခံတပ်ရင်းသည် TNLAတပ်ဖွဲ့မှ ထောင်းထားသည့် ထောင်မိုင်းများစစ်ဆေးတွေ့ရှိပြီး ဒေသခံပြည်သူများနှင့် ၎င်းတို့၏ ကျွဲနွားတိရိစ္ဆာန်များ အန္တာရာယ်ကင်းရန်အတွက် မိုင်းရှင်းလင်းမှုပြုလုပ်နေချိန်တွင် TNLA တပ်ဖွဲ့မှ RCSS/SSA တပ်ဖွဲ့အား လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ မှ ပြောကြားပါသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် RCSS/SSA တပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့အကြား ပဋိပက္ခစတင်ပြန်လည်ဖြစ်ပွားခဲ့ပြီး ယခုလက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုရှိနေပြီး ထိခိုက်ကျဆုံးမှုအခြေအနေနှင့် အရေအတွက် မသိရသေးပေ။

Taifreedom

Facebook

သတင်း