ကျိုင်းတောင်းမြို့နယ်တွင် RCSS ပညာရေးကော်မတီနှင့် သံဃာတော်များပူးပေါင်းဟောပြောပွဲကျင်းပ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်တွင်းသျှမ်းပြည်ပြန်လည် ထူထောင်‌ရေးကောင်စီ RCSS ပညာရေးကော်မတီ နှင့် သံဃာတော်များပူးပေါင်း ကာ လူ့မူ ပတ်ဝန်းကျင်ဆိုင်ရာ အထွေထွေဗဟုသုတ ဟောပြောပွဲအား ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဟောပြောပွဲအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့၌ နမ့်ပါမုန်းပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ကျင်းပခဲ့ပြီး ဒေသခံလူထု ၅၁၅ တက်ရောက်ဦးတက်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း တွန်ဟုန်းပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ကျင်းပခဲ့ပြီး ဒေသခံ လူထု ၂၅၀ ဦးခဲ့ကြောင်း သိရသည်။

လူ့မူပတ်ဝန်းကျင်ဆိုင်ရာအထွေထွေဗဟုသုတဟောပြောပွဲ တွင် အရှင်သီရီဓမ္မ ဝတ်ဖဝိန်းအင်း နှင့် အရှင်သြဇေယျဓမ္မတို့မှ ၁.မူးယစ်ဆေးဝါးအန္တရာယ် ၂.မိမိတို့၏တာဝန် ၃.စာပေနှင့်ပညာရေး ၄.ဦးဆောင်ဦးစီးမူ စသည့်ခေါင်းစဥ်များဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

၎င်းအပြင် မိုးနဲမြို့နယ်သံဃာ့နာယကခေါင်းဆောင်ဆရာတော်မှလည်း တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား သြဝါဒစကား ချီးမြှင့်ပေးတော်မူပြီးနောက် သျှမ်းပြည်ပြန်လည် ထူထောင်‌ရေးကောင်စီ RCSS ပညာရေးကော်တီဝင် တာဝန်ရှိပုဂ္ဂိုလ်မှ မိုးနဲမြို့နယ် သံဃာ့နာယကခေါင်းဆောင်ဆရာတော် နှင့် လူ့မူပတ်ဝန်းကျင်ဆိုင်ရာထွေထွေဗဟုသုတဟောပြောပေးခဲ့သည့် အရှင်သီရီဓမ္မ ဝတ်ဖဝိန်းအင်း နှင့် အရှင်သြဇေယျဓမ္မတို့အားနှင့်တကွ တက်ရောက်နားဆင်ကြသည့် ဒေသခံလူထုများအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး လူ့မူပတ်ဝန်းကျင်ဆိုင်ရာအ ထွေထွေဗဟုသုတဟောပြောပွဲအား အောင်မြင်ပြီးမြောက်စွာကျင်းပနိုင်းခဲ့ကြောင်း ဒေသခံ၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။


Taifreedom

Facebook

သတင်း