ကျိုင်းတုံမြို့နယ်တွင် RCSS နှင့် TYO တို့ပူးပေါင်းပြီး ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြင့် ကူညီထောက်ပံ့

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC)မှ ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးထံသို့ ပို့ပေးခဲ့သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြင့် RCSS နှင့် TYO တို့ပူးပေါင်းပြီး ဝန်ဆိုင်းကျေးရွာ ဒေသခံပြည်သူများအား ကူညီထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် သျှမ်းလူငယ်အဖွဲ့အစည်း TYO တို့ပူးပေါင်းပြီး ကျိုင်းတုံမြို့နယ် မိုင်းလန်းကျေးရွာအုပ်စု ဝန်ဆိုင်းကောင်ကျေးရွာတွင် ဒေသခံအိမ်ခြေ ၄၀ အိမ်  နှင့် ဝန်ဆိုင်းမိုင်တွင် ဒေသခံအိမ်ခြေ ၆၀ အိမ်  စုစုပေါင်း ဒေသခံပြည်သူ ၅၀၀ ခန့်အား လက်ဆေးရည် ၊ နှားခေါင်းစည်း (Mask) စသည့် ကျန်းမားရေးအထောက်အကူပြုပစ္စည်းများနှင့် ဆန်၊ဆီ စသည့် စားသောက်ကုန်များဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)သည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒေသခံပြည်သူများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ကူညီပေးသည့်အပြင် သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်များ ကျေးရွာများ ၊ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ဒေသခံပြည်သူများအား RCSS၏ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်အရ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ကူညီပေးခြင်း ၊ COVID-19 သံသယလူနာ ရှိမရှိစစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း စသည့်လုပ်ငန်းများအား မိမိတို့တက်နိုင်သမျှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Taifreedom

Facebook

သတင်း